Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-05-07 10:16:19

မေလ(၈)ရက် 
ပါစကားကာလတတိယသီတင်းပါတ်
ကြာသပတေးနေ့။
တမန်တော်ဝတ္ထု ၈း၂၆-၄၀
Reflection by Sr.Christine Dah (RGS)

တခါကတပါးသူကိုစိတ်ဓါတ်ခွန်အားပေးသောကမ္ဘာကျော်စာရေးဆရာတစ်ဦးက သူ၏နောက်ဆုံးအချိန်ရောက်သောအခါသူ့မိတ်ဆွေတစ်ဦးကသူ့အားအားပေးစကားပြောသည်မှာသင်လူသားများကိုစိတ်ခွန်အားပေးစာအများကြီးရေးခဲ့တယ်လောကကြီးအတွက်သင်များစွာအကျိုးပေးတတယ်ဟုဆို၏။သို့သော်သူကမျက်ရည်များစီးဆင်းလျက်"ဒါပေမယ့်ကျုပ်ဘဝနဲ့ဘာမှသက်သေမပြခဲ့ပါ"ဟုဆို၏။အပြောနဲလက်တွေ့ထပ်တူကျရန်တကယ်ခက်လှပေသည်။အမှန်စင်စစ်တပည့်တော်တို့၏အသက်တာမှာခရစ်တော်သည်ဘုရားသားတော်ဖြစ်ကြောင်း၊သေပြီးရှင်ပြန်ထမြောက်ကြောင်းအပြောသက်သက်မဟုတ်သူတို့၏စွန်စားပေးဆပ်ကြောင်း၊ဝိညာဥ်တော်၌အသက်ရှင်ခြင်းတို့သည်လူသားများခံစားသိရှိရသောကြောင့်သူတို့တရားကိုကြားနာသူတိုင်းရင်ထဲ၊နှလုံးထဲထိတွေ့ခံစားရ၍ခရစ်တော်သည်ဘုရားသားတော်ဖြစ်ကြောင်းဝန်ခံသမှတ်သည်။ခေတ်ပျက်ချိန်မိမိတို့သြဇာသက်ရောက်ရန် ကြိုးစားကြသော်လည်းမိမိတို့၏ကိုယ်ကျိုးအတွက်ဦးစားပေးလုပ်ဆောင်ကြသောအခါအိပပေါက်ဖားကောက်ဆိုသကဲ့သို့မျော်လေဝေးလေရလေတဲ့ငြိမ်းချမ်းရေးဖြစ်လေသည်။မဟတ္တမဂန္နီပြောသေ ခရစ်တော်ကိုသူယုံတယ်သို့သော်ခရစ်ယာန်ကိုသူမယုံဆိုသကဲသို့မိမိတို့၏အတ္တစိတ်ကြောင့်ခရစ်ယာန်၊ခရစ်တော်၏ပုံရိပ်မဆုံးရှူံးစေရန်"I first ငါ့အရေးကိုဦးစားပေးလုပ်ဆောင်တတ်သောအကျင့်အမူများထက်"You first"သူ့အရေးဦးစားပေးတတ်သောအမူအကျင့်များကိုကျင့်ကြံကာဝိညာဥ်တော်၌အသက်ရှင်လျက်ခရစ်တော်ကိုသက်သေခံသောသူများဖြစ်ရလေအောင်ကြိုးစားကြစို့။


Daily Reflection