ဧပြီလ(၂၈)ရက်
ပါစကားဒုတိယသီတင်းပတ် တနင်္ဂလာနေ့။
ယောဟန် ၃း ၁-၈
Reflection by OSM Sisters-Myanmar.
ယနေ့ဖာရီဇေဦးတစ်ယောက်ဖြစ်သည့်နီကော်ေဒမူသည်ခရစ်တော်ထံလာ၍မေးခွန်းများမေး၍ရှင်းလင်းမှုကိုရယူလေသည်။ကျွန်ုပ်တို့လည်းလောကတွင်မည်မျှပင်ပညာတတ် ဖြစ်ပါစေ။မည်မျှပင်စာပေကျမ်းဂန်များ လေ့လာတတ်မြောက်ထားသူဖြစ်ပါစေ၊ ကောင်းကင်နိုင်ငံနှင့်ပတ်သက်သောအမှန်တရားများ၊ဝိညာဉ်တော်၏ဦးဆောင်လမ်းညွှန်မှုများကိုရယူနိုင်ရန်ခရစ်တော်ထံသို့ နှိမ့်ချခြင်းဖြင့်ချဉ်းကပ်မှသာလျှင်ရရှိနိုင်မည်ဖြစ်သည်။နီကော်ဒေမူးသည်ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်လိုသည်။ထို့ကြောင့်သခင်ခရစ်တော်ကရေဖြင့်လည်းကောင်း၊မွေးဖွားခြင်းမခံရလျှင်ကောင်းကင်နိုင်ငံသို့မဝင်ရဟုမိန့်တော်မူသည်။ဆေးကြောခြင်းမင်္ဂလာအားဖြင့် ဘုရား၏ သား/သမီးများ ဖြစ်ခွင့်ရကြသည်။ ခရစ်တော်သခင် အလေးအနက်ထား ရှင်းပြနေခြင်းမှာ ဝိညာဉ်တော်အားဖြင့် အသစ်မွေးဖွားခြင်းကို ဆိုလိုပါသည်။ ကောင်းသောဘဝသက်တာကိုတည်ဆောက်ရုံမျှဖြင့်ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်မည်မဟုတ်။ဆေးကြောခြင်းခံပြီးသောသူတိုင်းဝိညာဉ်တော်၏တန်ခိုးကိုရရှိကြသည်။ဝိညာဉ်တော်၏ဦးဆောင်လမ်းညွှန်မူအတိုင်းလျှောက်လှမ်း၍ကျင့်ကြံနေထိုင်သောသူတို့သည်ကောင်းကင်နိုင်ငံတော်သို့ဝင်ကြရလိမ့်မည်။ဝိညာဉ်တော်သည်မည်သည့်အရပ်သို့သွားသည်ကိုကျွန်ုပ်တို့မသိနိုင်။သူ၏တန်ခိုးလည်းအဘယ်သို့လုပ်ဆောင်နေသည်ကိုကျွန်ုပ်တို့ ားမလည်နိုင်ပါ။