Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-04-10 09:13:08

ဧပြီလ(၁၁)ရက်
ဝါတွင်းကာလပဥ္စမအပတ် သောကြာနေ့။
ယောဟန် ၁၀း၃၁-၄၂
Reflection by OSM Sisters-Myanmar.

“သင်သည်လူသားတစ်ဦးသာဖြစ်ပါလျက်သင့်ကိုသင်ဘုရားဟုဆိုလေပြီ။”ဂျူးလူမျိုးများသည်ယေဇူးအားသင်သည်ဘုရားကိုထိခိုက်သောစကားကိုပြောသည်ဟုအပြစ်တင်ကြသည်။တဖန်ယေဇူးကနုတ်ကပါတ်တော်ကို အမှီပြု၍ တုန့်ပြန်သည်။“ငါဆိုသည်ကား သင် တို့သည် ဘုရားများဖြစ်ကြ၏။ သင်တို့အားလုံးသည် အမြင့် အမြင့်ဆုံးသေအရှင်၏သားများဖြစ်ကြသည်။”ဟု(ဆာလံ၈၂း၆)တွင်ဘုရားကိုယ်တော်တိုင်ပြောသောစကားကိုထောက်ပြလေသည်။ဘုရားသခင်သည်အီဇရာအဲလ်လူမျိုးတို့ကိုဦးဆောင်သောတရားသူကြီးများကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုသူတို့ကိုမှန်ကန်စွာတရားမျှတစွာစီရင်အုပ်စိုးတော်မူလိမ့်မည်ဟူသောယုံကြည်ခြင်းဖြင့်သင်တို့သည် ဘုရားများဖြစ်ကြသည်ဟုပြောခြင်းဖြစ်သည်။တရားသူကြီးများကိုဘုရားများဖြစ်ကြသည်ဟုဆိုထားလျှင်ငါသည်ဘုရား၏သားတော်ဖြစ်သည်ဟုပြောခြင်းကိုသင်တို့သည်အဘယ်ကြောင့်ဘုရားကိုထိခိုက်သောစကားဟုဆိုကြသနည်းဟုမေးလေသည်။ငါသည်ခမည်းတော်ထံမှကောင်းမြတ်သောအမှုတော်ကိုဆောင်ရွက်ပါလျှင်ငါ့ကိုမယုံကြည်သော်လည်းထိုအမှုတို့ကိုယုံကြည်ပါလော့ဟုမြွက်ဆို၏။ယေဇူးပြုသောကောင်းမြတ်သောအမှုတော်များသည်ချစ်ခြင်းကိုအခြေခံသည်။၎င်းကိုဂျူးများက လက်မခံနိုင်ဘဲ ဆန့်ကျင်ကြသည်။ ပထမကျမ်းတွင် ပရောဖက် ယေရမိသည် ကောင်းသောအမှုတော်ကိုသည်ကောင်းသောအမှုတော်ကိုဆောင်ရွက်ရာတွင်ဆန့်ကျင်သူများသောအခါထာဝရဘုရားသည်အားကြီးသောသူကဲ့သို့ငါဘက်၌ရှိတော်မူ၏။ထို့ကြောင့်ငါ့ကိုညှင်းဆဲသောသူတို့သည်မနိုင်ဘဲထိမိ၍လဲကြလိမ့်မည်ဟုပြောဆိုသည်။ကျွန်ုပ်တို့သည်လည်းကောင်းမြတ်သောအမှုတော်ကိုဆောင်ရွက်ရာတွင်ဆန့်ကျင်သူများရှိပါသလား။ထိုအချိန်ယေရမိကဲ့သို့ထာဝရဘုရားသည်အားကြီးသောသူရဲကဲ့သို့ငါ့ဘက်၌ရှိသည်ဟူသောခိုင်မာသောစိတ်ရှိပါသလား။

Daily Reflection