အစဉ်မမြဲ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ ထာဝရအသက်နှင့်တည်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့။-ရှင်ယောဟန် 6 : 27 စစ်ဘေးရှောင်ဒေသသွားသောအခါ သူတို့ပြောသောစကားတခွန်းမှတ်မိသည်။ ဆင်းရဲတဲ့သူလည်းဒီတဲအိမ်၊ ချမ်းသာတဲ့လူလည်း ဒီတဲ့အိမ်နဲ။ စစ်ကပေးသော တရားသဘောဘဲ တဲ့။ငလျင်ကာလမှာ စိန်ရွှေရတနာပိုင်ရှင်တစ်ဦးက ခုဆိုမချမ်းသာချင်တော့ဘူး တဲ့။ ဒါလည်း သဘာဝဘေးဒဏ်ကပေးတဲ့ သံဝေဂရတရား။လူ့ဘဝကကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ၊ နေ့မြင်ညပျောက်၊မရေရာ မသေချာသောခေတ်မှာ မမြဲသောတရားကိုနှလုံးသွင်းလျက် လောကအစာဟူသော လောကီရေးရာဂုဏ်ပကာသနထက်ထာဝရအစာဟူသောကောင်းကင် ဘဏ္ဍာကိုစုဆောင်းရန်ဖြစ်သည်။တဖန်ခရစ်တော်က “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့။ အကြောင်းမူကား၊သင်တို့၏ဘဏ္ဍာရှိရာအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ်၏” ဟုကျွန်ုပ်တို့အားတဖန်ဖိတ်ခေါ်၏။မဿဲ 6 :19- 21 ပေးကမ်းစွန့်ကြဲခြင်း၊ မိမိ၌ ရှိသောအစွမ်းအစဖြင့် ကူညီလုပ်ဆောင်ခြင်း၊နာကျင်ခံစားနေသူဆို့အားထပ်တူနားထောင်၊ ခံစား၊နှစ်သိမ့်ပေးခြင်းဖြင့်ကောင်းမှုကုသိုလ်ပါရမီများရှာဖွေကျင့်ကြံခြင်းဖြင့်လောကဘဏ္ဍာစုဆောင်းကြစို့။