စားသောက်ပွဲဆိုလျှင်လူတိုင်းပျော်ရွှင်ကြသည်။ သို့သော်ယေဇူးသည်နောက်ဆုံးညစာစားပွဲတွင်စိတ်သောကရောက်ခဲ့သည်။မိမိနှင့်မသက်ဆိုင်သူတစ်ဦးကမိမိကိုမကောင်းကြံလျှင်သိပ်မခံစားရပါ။သို့သော်မိမိနှင့်အတူနေပြီးအလွန်ရင်နှီးကျွမ်းဝင်ပြီးမှမိမိကိုသစ္စာဖောက်ပါကဒီထက်စိတ်နာစရာဟူ၍ရှိမည်မဟုတ်ပါ။ထိုနည်းတူယေဇူးနှင့်အတူနေခဲ့သောသူအလွန်ချစ်သောတပည့်တော်ဆယ့်နှစ်ပါးထဲမှအသင်းတော်၏ခေါင်းဆောင်အဖြစ် ည်ရွယ်ထားသောပေထရုကသူ့ကိုငြင်းဆိုမည့်အကြောင်း၊ဘဏ္ဍာရေးမှူးဖြစ်သောဂျူးဒအစ္စကာရီယုဒ်ကသူ့ကိုသစ္စာဖောက်မည့်အကြောင်းတို့ကိုကြိုမြင်၍စိတ်ကြေကွဲခဲ့သည်။ပေတရုသည်ယေဇူးကိုမသိပါဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုခဲ့သည်။ဂျူးဒသည်ယေဇူးကိုအာဏာသားများလက်သို့အပ်နှံလိုက်သည်။သူတို့နှစ်ဦး၏ခြားနားချက်မှာပေတရုသည်မိမိ၏အပြစ်အတွက်နောင်တရသည်။ယေဇူးရှင်ပြန်သောအခါသူ့အပြစ်ကိုဝန်ခံသည်။ယေဇူးသည်သူ့အားငါ၏သိုးများကိုထိန်းသိမ်းစောင့်ရှောက်လော့ဟုသုံးကြိမ်တိုင်တိုင်မိန့်မြွက်ခဲ့သည်။ဂျူးဒမှာမူမိမိအပြစ်အတွက်ယူကျုံးမရဖြစ်ပြီးဆွဲကြိုးချသေခဲ့သည်။ကျွန်ုပ်တို့သည်သူတစ်ပါးကိုစိတ်သောကရောက်အောင်လုပ်မိပါသလား။လုပ်မိပါကပေတရုကဲ့သို့နောင်တရပြီးထိုသူထံသို့သွား၍တောင်းပန်ပါ။ထိုအခါခွင့်လွှတ်ခြင်းကျေးဇူးနှင့်စစ်မှန်သောပျော်ရွှင်မှုကိုသင်ခံစားရလိမ့်မည်။