ဧပြီလ(၃၀)ရက်
ပါစကားကာလဒုတိယ သီတင်းပတ်
ဗုဒ္ဓဟူးနေ့။
ယောဟန် ၃း ၁၆-၂၁
Reflection by OSM Sisters Myanmar.
ယနေ့သံပီအူးစ်၏အကြီးမားဆုံးအောင်မြင်မှုမှာ Lepanto ၏ရေတပ်တိုက်ပွဲဖြစ်သောဂရိကမ်းခြေမှအောက်တိုဘာ(၇)ရက်နေ့တွင်၁၅၅၁ခုနှစ်တွင်မောင်းထုတ်ခဲ့သောကြိုးပမ်းမှုပင်ဖြစ်သည်။ဤအောင်မြင်မှုမှာပထမဆုံးသောမွတ်ဆလင်များကိုအနိုင်ယူနှိမ်နှင်းနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ဤအောင်မြင်မှု၏အထိမ်းအမှတ်အဖြစ်သံပီအူးစ်သည်အောက်တိုဘာ(၇)ရက်နေ့ကိုမယ်တော်သခင်မ၏စိပ်ပုတီးပွဲနေ့နှင့်ခရစ်ယာန်တို့ကိုကူညီမိုင်းမသောသခင်မအဖြစ်မယ်တော်သခင်မ၏လစ်တနီတွင်ထည့်သွင်းခဲ့ပါသည်။ရဟန္တာများသည် သူ တို့၏ ဆုတောင်းမေတ္တာ၊ချိုးခြံခြင်း၊ဝါရှောင်ခြင်းတို့ဖြင့်သူတို့အနီးပတ်ဝန်းကျင်ရှိလူသားထုတစ်ရပ်လုံးကောင်းစားစေရန်အစေခံမှုပြုခဲ့ကြပါသည်။ကျွန်ုပ်တို့လည်း ၎င်းတို့ကဲ့သို့ ကြိုးစား အားထုတ်ကြပါစို့။ထို့အပြင်သခင်ခရစ်တော်သည်လောကသားတို့ကိုကယ်တင်ရန်ကြွလာတော်မူသောကြောင့်ကျွန်ုပ်တို့အားလုံးအလင်း၌လျှောက်လှမ်းရန်ဆန္ဒရှိသည်။မကောင်း မှုကိုပြုသော သူတိုင်းသည် အလင်းကိုမုန်းတီးကြ၍မိမိတို့ပြုသောမကောင်းမှုမပေါ်လွင်စေခြင်းငှါအလင်းသို့ ချဉ်းကပ်ကြ၊(ယောဟန် ၃း၂၀)။ထို့ကြောင့်သမ္မာတရားဖြင့်အရာရာကိုလုပ်ဆောင်ကြပါစို့။အလင်း၏သား/သမီးများကဲ့သို့ကျင့်ကြံနေထိုင်ကြပါစို့။မိမိ၏အားနည်းချက်များကိုလည်းအားသာချက်အဖြစ်ပြောင်းလဲကြပါစို့။