ယနေ့သံတာကက်သရင်း၏လုပ်ဆောင်ချက်ကိုအနည်းငယ်ဝေမျှလိုပါတယ်။သံတာကက်သရင်း၏သန့်ရှင်းခြင်းနှင့်ပါရမီများ၏အကျိုးကျေးဇူးကြောင့်လည်းကောင်း၊သတ္တိရှိမှုကြောင့်လည်းကောင်းအသင်းတော်တွင်ထူးခြားသောသမိုင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။(၁၃၇၆)ခုနှစ်မှာသူမဟာရောမမြို့မှ(၇၄)နှစ်တိုင်ထွက်ခွာသွားခဲ့သောရဟန်းမင်းကြီးဂရေဂေါ်ရီ(၁၁)ကိုရောမမြို့သို့ပြန်သွားရန်အတွက်တိုက်တွန်းရန်ပြင်သစ်နိုင်ငံအာဗစ်ဒွန်မြို့သို့သွားခဲ့ပါတယ်။သူမ၏ကြိုးစားမှုကြောင့်အသင်းတော်သမိုင်းပြန်လှခဲ့ရပါတယ်။သခင်ခရစ်တော်သည်နီကော်ဒေမူးကိုကောင်းကင်နှင့်ပတ်သက်သောအကြောင်းအရာများကိုဆက်လက်ရှင်းပြပါတယ်။ကျမ်းတတ်ဆရာနီကော်ဒေမူးကခရစ်တော်ကကောင်းကင်ကနေဆင်းသက်လာတဲ့အတွက်ကောင်းကင်နိုင်ငံတော်အကြောင်းကိုသိပါတယ်။ကန္တာရမှာမြွေကိုက်တဲ့လူတွေအဆိပ်ဖြေဖို့မိုးဇယ်လုပ်ထားတဲ့ကြေးနဲ့မြွေကိုကြည့်လိုက်ရင်မသေဘဲအသက်ချမ်းသာရပါတယ်။ထိုနည်းတူကျွန်ုပ်တို့လည်းအပြစ်လုပ်ခြင်းကြောင့်အပြစ်ဒဏ်နှင့်ခွင့်လွှတ်ခြင်းရရှိဖို့ကားတိုင်မှာအသက်စွန့်တော်မူသောခရစ်တော်ကိုကြည့်ခြင်းဖြင့်လည်းကောင်း၊ယုံကြည်ခြင်းဖြင့်လည်းကောင်း၊အပြစ်ခွင့်လွှတ်ခြင်းချမ်းသာခံရကြရလိမ့်မယ်လို့သင်ကြားပေးနေပါတယ်။ထို့ကြောင့်ကျွန်ုပ်တို့လည်းအပြစ်နှင့်အပြစ်သို့ပို့သောလမ်းများကိုရှောင်ကြဉ်ကြပါစို့။