Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-05-06 09:29:49

မေလ(၇)ရက်
ပါစကားကာလတတိယသီတင်းပတ် ဗုဒ္ဓဟူးနေ့။
ယောဟန် ၆း ၃၅-၄၀
Reflection by Sr.Christine Dah (RGS)

လူသားတိုင်းမိမိစိတ်နှင့်မိမိအသက်ရှင်လိုကြသည်။၎င်းသည်လူသားတိုင်း၏ရပိုင်ခွင့်လည်းဖြစ်သည်။သို့သော်တစ်ဦးပေါ်တစ်ဦးယုံမှု၊မေတ္တာချည်နှောင်မှုနက်ရှိုင်သောအခါတစ်ယောက်အတွက်တစ်ယောက်​အသက်ရှင်ရန်အဆင်သင့်ရှိသည်။ထိုနည်းတူစွာမိမိအသက်ကိုအများတွက်ဆပ်ကပ်လိုသောသူတော်စင်များတို့သည်လည်းခရစ်တော်နှင့်ပေါင်းစပ်အပ်နှံလျက်သာသနာအတွကဆက်ကပ်သည်။ဤဆက်ကပ်ခြင်းအားလုံးသည်မေတ္တာတရားရှိသောအခါလုပ်ဆောင်နိုင်စွမ်းအားရှိသည်။ဤသို့ပေးဆပ်အသက်ရှင်ခြင်းသည် စိတ်၏လုံခြုံမှု၊အားအင်နှင့်ပျော်ရွှင်မှုရရှိသည်။ခရစ်တော်သည်အဖခမည်းတော်မှလာ၍ခမည်းတော်၌တလုံးတဝတည်းရှိခြင်း၊အလိုတော်အတိုင်းအသက်ရှင်ခြင်း၊ယုံကြည်အပ်နှံခြင်းဖြင့်သေခြင်းမှရှင်ပြန်ထမြောက်လျက်ခမည်းတော်နှင့်တလုံးတဝတည်းရှိသကဲသို့ ကျွန်ုပ်တိုကိုလည်းသူ၌အသက်ရှင်လျက်တလုံးတဝတည်းရှိခြင်း၊နီစ္စဓူဝ၌အရာရာမှာဘဝအာမခံချက်မရှိသောဖြစ်ရပ်များကိုသံဝေဂတရားရယူလျက်ထာဝရအသက်အတွက်ကိုလည်းကြိုးစားအသက်ရှင်ကြပါစို့။

Daily Reflection