Untitled Document
Untitled Document
Untitled Document
ဝတၳဳ

Notice: Undefined index: id in /home/v0q06xt3e0f5/crcm-myanmar.com/kyaesii/novel.php on line 159
#ဆေးဆရာဆေးစားမှားမည့်အဖြစ်မျိုး😔😔😔
#နီလာရိုင်း
KYESEMyanmar-ကြေးစည်မြန်မာ
Published by Eugenie Petronilla

အခန်း (၁)

“အန္တရာယ်ကင်းစွာမျဉ်းကျားလမ်းကိုဖြတ်ကူးခြင်း စာအုပ်ကိုရေးသောစာရေးဆရာသည် ၎င်းစာအုပ်ကို ထုတ်ဝေသောနေ့ ၌ပင် ကားလမ်းဖြတ်ကူးရာ ကားတိုက်ခံရပြီး သေဆုံးသွားသည်။” ဆိုသောစာကြောင်း လေးများကို ဖတ်လိုက်ရသောအခါ တစ်ချိန်က ကျွန်ုပ်ရယ်မောခဲ့မိပါသည်။ သို့သော် ယနေ့ကျွန်ုပ် မရယ်ရဲတော့ပါ။ မရယ်နိုင်တော့ပါ။ အကြောင်းက ဒီလိုပါ...

အခန်း(၂)

ကျွန်ုပ်သည် ကိုယ်ချင်းစာစိတ်နှင့် မေတ္တာတရားများကို တစ်ဦးအပေါ်တစ်ဦးထားကြရန် ဘာသာတူများ၊ လူငယ်များ အတွက် ဆောင်းပါးလေးများရေးခဲ့ဖူးပါသည်။ တရားများလည်း ဟောကြားခဲ့ဖူးပါသည်။ ကိုယ်ချင်းစာစိတ်မရှိကြလို့ လူတွေမလုပ်သင့်တာကို လုပ်နေကြပုံ၊ စာနာစိတ်ကင်းမဲ့မှုရဲ့ ဆိုးကျိုးများ၊ ကိုယ်ချင်းစာစိတ်၏မြင့်မြတ်ပုံများကို အခါအခွင့်ရတိုင်း မမောနိုင်အောင် ကျွန်ုပ်ပြောတတ်ပါသည်။ နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်သောနေ့တစ်နေ့ကို ယနေ့တိုင်မမေ့နိုင်သေးပါ။ ကျွန်ုပ်၏သာသနာကျသော သာသနာနယ်တစ်ခုတွင် ဗဟိုကျောင်းတွင်ကျောင်းထိုင်၍ ပတ်ဝန်းကျင်ဘာသာတူရွာ များအား ဘာသာရေး၌တာဝန်ယူရသောကာလဖြစ်သော နေ့တစ်နေ့မှာ ဗဟိုကျောင်းမှ သာသနာရွာတစ်ခုသို့ သွားပြီး ဘုရားကျောင်းပွဲကျင်းပပေးလျက် “ဘာသာတရားနှင့် ကိုယ်ချင်းစာစိတ်” ဟူသောခေါင်းစဉ်နှင့် တရားရေအေးတိုက်ကျွေးခဲ့ပါသည်။ ထို့နောက် ဘာသာတူများက ကျွန်ုပ်အား ဗဟိုကျောင်းဆောင်သို့ ပြန်ပို့ပေးကြပါသည်။

အခန်း(၃)

ဗဟိုကျောင်းဆောင်သို့ ပြန်ရောက်လျှင်ခေတ္တအနားယူပြီး ရေမိုးချိုး၊ ဘုရားရှိခိုး၍လုပ်စရာများလုပ်ဆောင်ပြီး နာရီကြည့်လိုက်ရာဆွမ်းချိန်သို့ရောက်နေပြီဖြစ်၍ဆွန်းစားခန်းသို့ဝင်ခဲ့ပါသည်။ ဆွမ်းစားခန်းတွင်ရွာမှလာပို့သော ဘဲသားဟင်း၊ ပဲဟင်း နှင့် ငပိ အနံ့များကမွှေးကြိုင်နေပါသည်။

ဆွမ်းစားခန်းတွင်(၁၃)နှစ်သားကျောင်းသားလေးတစ်ဦးက လိုရာများကိုကူညီပေးနေပါသည်။ ကျွန်ုပ်သည် ဘဲသားဟင်းကို အလွန်ကြိုက်သည်။ ထို့ကြောင့်ဘဲသားဟင်း တစ်တုံးကိုပန်းကန် ထဲသို့ထည့်လိုက်ပါသည်။ အားရပါးရသုံးဆောင်ပါသည်။ နောက်တစ်တုံးထပ်ယူ၍စားပြန်သည်။

ထမင်းစားရင်းသတိထားမိသည်မှာ ကျွန်ုပ် ဘဲသားဟင်း ကိုယူစားတိုင်းအနားတွင်ရှိသော ကျောင်းသားငယ်မှာ မျက်နှာပျက်နေပါသည်။ ကျွန်ုပ်က သူသိပ်နေမှကောင်း လို့ဘဲဟုထင်လျက် ဆွမ်းကို ဆက်လက်သုံးဆောင်နေခဲ့ပါသည်။ ပဲဟင်းကိုတော့ အနည်းငယ်သာသုံးဆောင်ခဲ့သည်။

ဆွမ်းစားပြီးသော်အခါ ကျောင်းသားလေးကိုလှမ်းပြောလိုက်ပါသည်။ “ကလေး ကလေး၊ ထမင်းမစားရသေးဘူးမဟုတ်လား” “မစားရ သေးဘူးကိုယ်တော်” “ဒါဆိုရင်စားဖို့ပြင်တော့၊ ဘဲသားကတော့ ဘုန်းဘုန်းသိပ်ကြိုက်လို့ မနက်အတွက်သိမ်းထားနော်။ ပဲဟင်းကတော့ သားစားလိုက်တော့” ဟုဆိုရာ ကလေးကဘာမျှပြန်မဖြေချေ။ တစ်စုံတစ်ခုကိုပြောလိုဟန် အရိပ်ပြနေသည်။ မျက်နှာလည်းပျက်နေသည်။ ကျွန်ုပ်က “သား နေမကောင်းဘူးလား”ဟု မေးရာ . ကလေး က . . “ကောင်းပါတယ်ကိုယ်တော်” “နေကောင်းရင်ထမင်းစားတော့လေ၊ ဘာပြောစရာရှိလို့လဲ”

ထိုအခါ ကလေးက မရဲတရဲနှင့် “ဒီလိုပါကိုယ်တော်၊ တပည့်တော်က ကိုယ်တော်ကို ကိုယ်ချင်းစာမိလို့ပါ။” “ဟေ .. ဘာကိုယ်ချင်းစာတာလဲ ပြောပါအုံး ...” “ကိုယ်တော်ဘဲသားသိပ်ကြိုက်သလို တပည့်တော်လည်း ဘဲသားကို သိပ်ကြိုက်လို့ပါ။ ဒါကြောင့် ကိုယ်တော်က ဘဲသားဟင်းကိုမစားခိုင်းဘဲ သိမ်းထားခိုင်းတော့... ကိုယ်တော်ဟောတဲ့ ကိုယ်ချင်းစာတရားကိုသတိရလို့ပါ။”

ကလေးငယ်၏စကားကို ကြားရသောအခါ ကျွန်တော်စိတ်မကောင်းပါ။ “ကိုယ်တော့်ကို တပည့်တော်ကိုယ်ချင်းစာလိုပါ” ဆိုသောစကားသည် ကျွန်ုပ်အတွက်ရှက်စရာဖြစ်ခဲ့ရပါသည်။ သူက ကိုယ်ချင်စာသလို ကျွန်ုပ်ကသူ့ကို ကိုယ်ချင်းမစာဘူးဟုလည်း အဓိပ္ပါယ်ဖွင့်နိုင်ပါသည်။ ကလေးငယ်ကရိုးသွားစွာပြောလိုက်သော်လည်း ကျွန်ုပ်လိပ်ပြာမသန့်တော့ပါ။ “သားရေ ..၊ ဘဲသားဟင်းလည်းစားလိုက်တော့” ဟုဆိုကာ ကျွန်ုပ်ဆွမ်းစားခန်းနှင့်ဝေးရာသို့ထွက်ခဲ့ပါတော့သည်။
ကျွန်ုပ်မကျင့်သော “ကျွန်ုပ်ဟောသည့် ကိုယ်ချင်းစာမှုတရားသည် လေထဲတွင်ပျောက်ကွယ်သွားပြီ”ဟုသာခံစားမိလိုက်ပါသည်။

အခန်း (၄)

တစ်ခါကကြုံခဲ့ ရသောနောက်အဖြစ်အပျက်လေးတစ်ခုကို မျှဝေချင်ပါသေးသည်။ ဖေဖေါ်ဝါရီလ၏ နွေနေ့ခင်းတစ်ခုတွင် ဓမ္မဆရာတစ်ဦးနှင့် ဘုရားကျောင်းကိစ္စများဆွေးနွေးနေကြစဉ် “မီးလောင်နေတယ်၊ လာကြပါအုံး” ဆိုသောကလေးများ၏ အော်သံများကြောင့် ကျွန်ုပ်တို့ လန့်သွားကြပါသည်။ စိတ်လည်း ပူသွားပြီး အော်သံကြားရာသို့ကြည့်လိုက်ရာ သီလရှင်ကျောင်းနှင့် ကပ်နေသောစပါးထားသည့် ဂိုဒေါင်ငယ်လေးအနီးတွင် မီးတောက်ကြီးများကိုမြင်လိုက်ကြရသည်။ ထိုအခါ ကျွန်ုပ်သည် မီးလောင်သည့်နေရာသို့ အပြေးသွားခဲ့ပါသည်။

စပါးဂိုဒေါင်လေးမီးထဲပါသွားပါက ဆင်းရဲသားကလေးများအတွက် ဆန်ပြဿနာတက်တော့မည်ကို အလွန်စိုးရိမ်သွားပါသည်။ ကျွန်ုပ်သိရသည်မှာ ဘော်ဒါကလေးငယ်နှစ်ဦးသည် အမှိုက်များကို စပါးကျီအနီးတွင် မီးရှို့ရာ လေကလည်းတိုက်၊ အမှိုက်ပုံကလည်းကြီးသဖြင့် ကလေးနှစ်ယောက်မှာ မီးကိုမနိုင်တော့သဖြင့် အကူအညီလှမ်းတောင်းကြကြောင်းသိရသည်။

ကျွန်ုပ်သည် ကလေးများကို အလွန်စိတ်ဆိုးနေပါသည် မီးလောင်နေသောနေရာသို့ အခြားကလေးများလည်း ပြေးလာကြပါသည်။ သို့သော် မည်သူမျှမီးသတ်ရန်ရေပုံးများ မယူခဲ့ကြပါ။ ကျွန်ုပ်က ကလေးများအား “မင်းတို့ စဉ်းစားဉာဏ် မရှိကြဘူးလား” လှမ်းအော်လိုက်မှ ကလေးများက ရေပုံးများယူလာကြပြီး အမှိုက်ပုံမှ မီးကိုဝိုင်းသတ်ကြသဖြင့် မီးငြိမ်းသွားခဲ့ပါသည်။ မီးငြိမ်းသွားသော်လည်း ကျွန်ုပ်သည် ဆူ၍မဝသေးပါ၊ ကလေး များကို ဆက်၍ဆူနေပြန်၏။ ဆူလို့ဝမှ ကလေးများကိုကြည့်ပြီး .. “မင်းတို့ကတွေ ဘာပုံမှမပေါက်ဘူး၊ မီးသတ်ဘို့လာတာ ရေပုံးမယူလာခဲ့ကြဘူး” ဟု ပြောလိုက်ရာ ... ကလေးများမှာ မျက်နှာငယ်လေးများဖြင့် ခေါင်းငုံ့နေကြပါသည်။ နားပူဟန်ရှိသော စကားတတ်သည့် ကလေးတစ်ယောက်က တပည့်တော်တို့ ဘာပုံမှ မပေါက်ဘူးဆိုတာ မဟုတ်ပါဘူး၊ ကိုယ်တော့် ပုံပေါက်ပါတယ်။"

“ဘယ်လို ... ငါ့ပုံပေါက်တယ် ဟုတ်လား ..” “ဟုတ်ပါတယ် ကိုယ်တော်... မီးသတ်ဘို့ တပည့်တော်တို့ ဘာမှမယူခဲ့သလို ကိုယ်တော်လည်းဘာမှမယူခဲ့ဘူးလေ..” ဟုပြောလိုက်ရာ၊ ဟုတ်သားပဲဟု တွေးမိလိုက်သည်။ သို့သော် ရှက်ရှက်နှင့် ... “အားလုံးသွားကြတော့” ဟုဟောက်လိုက်ရာ ကလေးများထွက်ပြေးသွားကြပါသည်။

ကိုယ့်ချို့ယွင်းချက်ကိုမမြင်ဘဲ အခြားသူများ၏ ချို့ယွင်းချက်ကိုမြင်တတ်သော ကျွန်ုပ်သည် ကလေးငယ်တစ်ဦး၏ ပညာပေးမှုကို ခံလိုက်ရပါသည်။ ထိုအဖြစ်အပျက်လေးသည် နှစ်ပေါင်းကြာညောင်းခဲ့သော်လည်း ယနေ့တိုင်မမေ့နိုင်သေးပါ။ အတိတ်ကအရိပ်လေးတစ်ခုသည် ထင်ဟပ်နေဆဲ။

အခန်း(၅)

“အန္တရာယ်ကင်းစွာမျဉ်းကျားကိုဖြတ်ကူးခြင်း” စာအုပ်ကို ရေးသောစာရေးဆရာသည် ၎င်းစာအုပ်ကို ထုတ်ဝေသော နေ့၌ပင် လမ်းဖြတ်ကူးရာ ကားတိုက်ခံရ၍ သေဆုံးသွားသည် ဆိုသောစာကြောင်းလေးကို ဖတ်မိသောအခါ တချိန်က ကျွန်ုပ်ရယ်မော မိခဲ့ပါသည်။ သို့သော် ယနေ့ ကျွန်ုပ်မရယ်မောရဲတော့ပါ။ မရယ်နိုင်တော့ပါ... ဆေးဆရာဆေးစား မမှားမိစေဖို့ ကျွန်ုပ်ကြိုးစားရအုံးမည် မဟုတ်ပါလား။

 

#နီလာရိုင်း

ဝတၳဳ
#ဆေးဆရာဆေးစားမှားမည့်အဖြစ်မျိုး😔😔😔
#နီလာရိုင်း
KYESEMyanmar-ကြေးစည်မြန်မာ
Published by Eugenie Petronilla
#ဘာသာရေးနှင့်အချစ် ⛪️💗⛪️💗⛪️💗⛪️💗⛪️💗
#ပန်းရင်(ညောင်လေးပင်)
(ဒီဇင်ဘာလ ၁၅ရက်၊ ၁၉၄၈ခု၌ရေးသည်)
KYESEMyanmar-ကြေးစည်မြန်မာ
Published by Eugenie Petronilla
#နေမဝင်အချစ် ❤️💗💟💓❤️💗💟💓
(တောင်ပြာတန်းကကြိုနေမယ်စာအုပ်မှ)
#နီလာရိုင်း
KYESEMyanmar-ကြေးစည်မြန်မာ
Published by Eugenie Petronilla
#တောင်ပြာတန်းကကြိုနေမယ် 💗💗💗💗💗
#နီလာရိုင်း
KYESEMyanmar-ကြေးစည်မြန်မာ
Published by Eugenie Petronilla