၂၂.၄.၂၀၂၅
ပါစကားကာလ တနလ်ာနေ့။
Monday Within Easter Octave.
ယောဟန် ၂၀း ၁၁-၁၈
John 20: 11-18
Reflection by OSM Sisters Myamar.
အမျိုးသမီးများရှေ့မထွက်ရ၊ဦးမဆောင်ရ၊မပြောရ၊မဆိုရဆိုသောခေတ်အချိန်တွင်ရဲ့ဝံ့စွာနှင့်မိမိ၏သခင်ကိုတွေ့လိုသောတစ်ခုတည်းသောဆန္ဒပြင်းပြသောကြောင့်သင်းချိုင်းဂူသို့သွားခဲ့သောမာရီယားမာဒလေနားအတွက်သခင်ခရစ်တော်သည်ကြီးမားသောဆုလာတ်ကိုပေးခဲ့သည်။မိမိ၏သခင်ကိုမြင်တွေ့ခဲ့ကြောင်းကိုကြေညာဟောပြောခွင့်ဖြစ်ပါသည်။မာရီယားမာဒလေနားသည်အစ၌သခင်ခရစ်တော်သည်သူမဘေး၌ရှိကြောင်းကိုမသိခဲ့ပါ။သူမ၏ဝမ်းနည်းပူဆွေးခြင်းသည်သူမကိုဖုံးကွယ်စေခဲ့သည်။သူမသည်သခင်ခရစ်တော်ကိုမြင်တွေ့ရမည်ဆိုသောမျှော်လင့်ချက်လည်းပျောက်ကွယ်သွားသောအချိန်၌သခင်ခရစ်တော်သည်သူမကို“မာရိ”ဟုခေါ်သည်နှင့်တစ်ပြိုင်နက်ချက်ချင်းဆိုသလိုသူမသခင်၏အသံကိုမှတ်မိသည်။သူမသည်သခင့်ပေါ်ထားသည့်ချစ်ခြင်းမေတ္တာသည်ကြီးမားပြီးစစ်မှန်သောကြောင့်သခင်ခရစ်တော်အသံကိုကြားသည်နှင့်သိခဲ့သည်။သင်နှင့်ကျွန်ုပ်တို့လည်းဒီနေ့သခင်ခရစ်တော်သည်အနီးအနားတွင်နေလျက်သင်နှင့်ကျွန်ုပ်၏နာမည်ကိုခေါ်နေပါသည်။အသင်မိတ်ဆွေသင်သည်မာရီယားမာဒလေနားကဲ့သို့သခင်ခရစ်တော်ကိုမြင်နိုင်ပြီလား။အသိအမှတ်ပြုနိုင်ပြီလား။