ဧပြီလ (၁၄)ရက်
သန့်ရှင်းသောရက်သတ္တပတ်တနဂ်လာနေ့။
ယောဟန် ၁၂း ၁-၁၁
Reflection by OSM Sisters -Maynmar.
နာဒုဆီမွှေးစစ်စစ်သည်ရှားပါးသည်။တန်ဖိုးကြီးသည်။မာရီယာသည်၎င်းဆီမွှေးကိုမြတ်မြတ်နိုးနိုးတန်ဖိုးထားပြီးသိမ်းကာမှာသေချာသည်။သို့သော်၎င်းထက်ပိုပြီးတန်ဖိုးမဖြတ်နိုင်သောယေဇူး၏ချစ်ခြင်းကိုခံစားတတ်လာသောအခါတန်ဖိုးကြီးသည်ဆိုသောမရှိဘဲအကုန်လုံးကိုယေဇူး၏ခြေရင်း၌လိမ်းကြံပြီးနောက်သူမ၏ဆီပင်နှင့်သုတ်၏။ယေဇူး၏ခြေရင်းကိုလိမ်းပုံခြင်းမှာသူမ၏နှိမ့်ချသောစိတ်နှင့်စိတ်ပြောင်းလဲလာခြင်း၏အမှတ်လက္ခဏာဟုယူဆကြသည်။သူမသည်ယေဇူးကိုအရာအားလုံးထက်ပို၍ချစ်သည့်အပြင်ယေဇူး၏နောက်လိုက်ကောင်းတစ်ယောက်ဖြစ်လာသည်။ထို့ကြောင့်သူမသည်ယေဇူးရှင်ပြန်ခြင်းကိုပထမဦးဆုံးသတင်းကောင်းဟောပြောသူဖြစ်လာခဲ့သည်။ဂျူဒအစ္စရှယုဂ်သည်အယောင်ဆောင်နောက်လိုက်သာဖြစ်သည်။သူသည်ဆင်းရဲသားများကိုစာနာထောက်ထားသောကြောင့်ဆီမွှေးကိုရောင်းရန်ပြောသည်မဟုတ်။သို့သော်သူသည်သူခိုးတစ်ယောက်ဖြစ်သောကြောင့်တည်း။ဘုရားသခင်သည်ကျွန်ုပ်တို့တစ်ဦးကိုဆေးကြောခြင်းခံသည့်အချိန်မှစ၍ရွေးကောက်တော်မူခဲ့ပြီ။ကျွန်ုပ်တို့သည်ယေဇူး၏နောက်လိုက်ကောင်းဖြစ်ကြသလား။သို့မဟုတ်အယောင်ဆောင်နောက်လိုက်လား၊မာရီယာကဲ့သို့ယေဇူးကိုအရာအားလုံးထက်ပို၍ချစ်နိုင်ရန်ကြိုးစားကြစို့