ဧပြီလ(၂၁)ရက်
ပါစကားသီတင်းပတ် တနလ်ာနေ့။
Monday Within Easter Octive.
Matthew 28: 8:15
Reflection by OSM Sisters Myanmar.
မှန်သောသတင်းကိုဖြန့်သောသူတို့၏စိတ်၌ပျော်ရွှင်မှုခံစားရ၏။မမှန်မကန်သတင်းကိုဖြန့်သောသူတို့၏စိတ်၌မူကားပူလောင်မှုကိုသာခံစားရ၏။အမှန်တရားဟူသည်မည်သည့်အခါမှအချည်းနှီးဖြစ်မည်မဟုတ်ပါ။သခင်ခရစ်တော်သည်အဟုတ်အမှန်ရှင်ပြန်ထမြောက်ခံခြင်းဖြစ်ပါသည်။ဤရှင်ပြန်ထမြောက်ခြင်းကကျွန်ုပ်တို့ဘဝနှင့်သက်သေခံအသက်ရှင်ကြမည်ဆိုလျှင်မာရီယားမာဒလေနားနှင့်တပည့်တော်ကြီးများကဲ့သို့ကျွန်ုပ်တို့ဘဝ၌လည်းပျော်ရွှင်မှုကိုခံစားရရှိပါလိမ့်မည်။အကယ်၍များကျွန်ုပ်တို့တတွေကမှန်သောသတင်းစကားကိုမပြောကြ၊သက်သေမခံကြဘဲသူတစ်ပါး၏သတင်းတွေကိုဤကနေ့စစ်သူကြီးများကဲ့သို့မမှန်မကန်ဖြန့်ကြခြင်းများ၌မိမိတို့တစ်နေ့တာကိုကုန်လွန်နေမည်ဆိုပါကရဟန်းအကြီးကဲများနှင့်အစောင့်များကဲ့သို့အမှားကိုအမှားများနှင့်သာထပ်မှားထပ်မှားနေစေပြီးကျွန်ုပ်တို့ဘဝရှင်သန်မှုတွေဟာပူလောင်မှုတွေနှင့်သာကြုံတွေ့ရပါလိမ့်မည်။မိတ်ဆွေတို့အဘယ်ဘဝကိုရွေးချယ်လျှောက်လှမ်းကြပါသနည်း။အမှန်တရားကိုသက်သေခံပြောဆိုပြီးရှင်းပြခြင်းလော၊သို့မဟုတ်ငြင်းပယ်ခြင်း၊လျစ်လျူရှုခြင်းဖြင့်ဖုံးကွယ်၍လော၊စမ်းစစ်ကြပါစို့။သခင်ခရစ်တော်ဟာကျွန်ုပ်တို့ကိုပျော်ရွှင်ဖို့ခေါ်ထားသောဘုရားဖြစ်ပါသည်။