ဧပြီလ(၁၂)ရက်
ဝါတွင်းကာလပဥ္စမအပတ် စနေနေ့။
ယောဟန် ၁၁း၄၅-၅၇
Reflection by OSM Sisters-Myanmar.
ဂျူးလူမျိုးတို့သည်ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကိုမြင်ကြရ၍ကိုယ်တော်ကိုယုံကြည်ကြ၏။တချို့ကထိုအကြောင်းကိုဖာရီဇေဦးတို့ထံသို့ပြောပြကြ၏။သို့ဖြစ်၍ရဟန်းအကြီးအကဲနှင့်ဖာရီဇေဦးတို့သည် ယေဇူးကို ဒီအတိုင်းလွတ်ထားရင်ဂျူးတွေအားလုံးစိတ်ပြောင်းလဲပြီးဂျူးလူမျိုးနှင့်ဂျူးဘာသာတစ်ခုလုံးပျက်စီးသွားမည်ကိုစိုးရိမ်တဲ့အတွက်လွတ်တော်အစည်းအဝေးခေါ်၍ဆွေးနွေးကြတယ်။ထိုအခါကာအိဖကလူမျိုးတစ်မျိုးလုံး မ ပျက်စီးစေရန် အများအတွက် လူတစ်ယောက်သေခြင်းသည် သင်တို့အတွက် သာ၍ ကောင်းသည် ဟု ပြောဆိုလေ၏။ မိမိ၏လူမျိုး၊ မိမိ၏ဘာသာ၊ မိမိ၏ဂုဏ်သိက္ခာမပျက်စီးစေခြင်းငှါဖြောင့်မတ်သောသူတော်ကောင်းတစ်ယောက်ကိုသတ်ချင်လိုသောဆန္ဒသည်တစ်ကိုယ်ကောင်းဆန်လွန်းခြင်းပင်ဖြစ်သည်။မနက်ဖန်မေတ္တာပန်းဝေတနင်္ဂနွေနေ့သန့်ရှင်းသောရက်သတ္တပတ်ကိုစတင်ကြတော့မည်။ယေဇူး၏ဒုက္ခစရိယာနှင့်သေခြင်းကိုပိုမိုလေးနက်စွာထောက်ရှု့ကြရမည်။သူတို့၏လုပ်ရပ်များသည်တစ်ကိုယ်ကောင်းဆန်သော်လည်း၎င်းအားဖြင့်အကျိုးခံစားကြရသူများမှာကျွန်ုပ်တို့လူသားများပင်ဖြစ်သည်။အာဒံလုပ်သောအပြစ်ကြောင့်လောကကမ္ဘာကြီးသည်အစွန်းထင်ခဲ့သည်။ယေဇူး၏အဖိုးထိုက်လှသောအသွေးတော်အားဖြင့်ထိုအစွန်းများဆေးကြောခြင်းခံရသည်။မနာလိုစိတ်သည်သူတစ်ပါးကိုသတ်ရန်အကြံပေးသည်။သင်သည်ကောင်းသောအမှုဆောင်ရွက်သောသူတစ်ဦးကိုမြင်တွေ့သောအခါမနာလိုဖြစ်သလား။သို့မဟုတ်ချီးမွမ်းခြင်း၊အားပေးခြင်းများလုပ်ပါသလား။