Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-10-28 08:14:15
#29th October 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (လုကား ၁၃း ၃၁-၃၅)
#စစ္စတာရ် ရိုဇားဆီးလ်ဗီယာ (SFX)
posted by M. Su Latt Htwe

 

တခါတရံ အမှန်ကိုအမှန်အတိုင်း တည့်တည့်ပြောရဲသောအစွမ်းသည် ဘုရားထံမှလာသည့် ကျေးဇူးတော်ဖြစ်သည်။ သခင်ယေဇူးသည် ဘုရင်ကိုမြေခွေးလို့ပြောလိုက်သည်။ ”ယခုနေ့နှင့်နက်ဖန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကိုငြိမ်းစေမည်။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအားပြောကြလော့။“ ဟုသခင်ယေဇူးပြောလိုက်သည်။ အကြောင်းမှာ ဟေရုဒ်အန်တီပသည် ယောဟန်ဘတ္တိဇံကို သတ်ခဲ့ကြောင်း သခင်ယေဇူးသိသည်။ ထို့ကြောင့် ဘုရင်ကိုမြေခွေးနှင့် ခိုင်းနှိုင်းထားခြင်းဖြစ်သည်။ သခင်ယေဇူးသည် မည်မျှပင်ခြိမ်းခြောက်ခံရသည်ဖြစ်စေ ခမည်းတော်၏လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။ ကြက်မသည် ကြက်ခလေး များကို မိမိ၏အတောင်အောက်၌ ကာကွယ်ထားသကဲ့သို့ သခင်ယေဇူးသည် မိမိ၏လူမျိုးစုကို ကာကွယ်ထားရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသည်။ မိခင်ကြက်မ မရှိသည့်အခါ ကြက်ခလေးများ၏ဘဝသည် အကာအကွယ်မဲ့၊ အကူအညီမဲ့ဖြစ်သကဲ့သို့ ဂျူးလူမျိုးတို့၏ဘဝအခြေအနေသည်လည်း အတူတူပင်ဖြစ်နေသည်။ သခင်ယေဇူးသည် အကူအညီပေးရန် အခါခါကမ်းလှမ်းသော်လည်း ငြင်းပယ်ခဲ့ကြသည်။ ထို့ကြောင့် တိုင်တပါးတို့၏တိုက်ခိုက်ဖျက်ဆီးခြင်း ခံကြရသည်။ ဗိမ္မာန်တော်ကြီးသည် ပြိုလှဲပျက်စီးသွားပြီးနောက် အတူတကွစုရုံးပြီး ဆုတောင်းဝတ်ပြုရန် နေရာမရှိတော့ပေ။ ဘုရားသခင်၏ကာကွယ်စောင့်ရှောက်ခြင်းသည် အဖိုးအခပေးစရာမလိုပါ။ ကျွန်ုပ်တို့ဖက်မှလက်ခံရန် အသင့်ရှိဖို့သာလိုအပ်ပါသည်။
#စစ္စတာရ် ရိုဇားဆီးလ်ဗီယာ (SFX)
Daily Reflection