Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-16 08:26:26

17.3.2024 – 5th Sunday of Lent. St.Patrick
၁၇ ရက် မတ်လ၊ ဝါတွင်းကာလ ပဥ္စမ သီတင်းပတ် - တနင်္ဂနွေနေ့
John 12:20-33 - ရှင်ယောဟန် ၁၂:၂၀-၃၃
Reflection by Sr. Christine Dah, RGS
Posted by Sr. Benedetta Myat Hnin Nwe (ISR)

သင်တို့အားငါဧကန်အမှန်ဆိုသည်ကားဂျုံစပါးစေ့တစ်စေ့သည် မြေပေါ်သို့ကျ၍ မသေမပျက်ဘဲရှိသော် ၎င်းသည်သစ်စေ့တစ်စေ့တည်းအဖြစ်ဆက်လက်တည်ရှိပြီးသေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကိုသီးစေတတ်၏။ မိမိအသက်ကိုချစ်သော သူသည်အသက်ကိုဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူသည်ထာဝရအသက်တာအတွက် ထိုအသက်ကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။ အကြင်သူသည် ငါ၏အမှုတော်ကို ထမ်းဆောင်လျှင် ငါ့နောက်သို့ လိုက်ရမည်။ ငါရှိရာအရပ်၌ လည်း ငါ၏အစေခံရှိလိမ့်မည်။ အကြင်သူသည် ငါ၏အမှုတော်ကိုထမ်းဆောင်လျှင် ခမည်းတော်ဘုရားသည်သူ့ကိုချီးမြှောက် တော်မူလိမ့်မည်။ #ထောက်ရှုချက်-လည်ပတ်နေသောကမ္ဘာကြီးနှင့်အတူခေတ်ပုံစံသည်လည်း နေ့စဉ်နှင့်အမျှအသွင်ပြောင်းလဲနေသည်။ ပိုးတုံးလုံးမှ လိပ်ပြာကူးပြောင်းခြင်းသည်လည်း အသွင်ပြောင်းခြင်းဖြစ်သည်။ ဂျုံစပါးစေမှ အပင်ပေါက်ခြင်းသည် အသက်ရှိသော၊အသက်ပေးသောအသွင်ပြောင်းခြင်းတစ်ရပ်ဖြစ်သည်။ ယနေ့ခရစ်တော်သည် သူ၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို ဂျုံစေ့နှင့်တင်စားသည်။လူ့အဖြစ်ယူခြင်း၊သေခြင်း၊ ရှင်ပြန်ခြင်းဖြင့်လူ့ဘဝ၊ အသက်များစွာပေးသည်။ထို့အပြင်သူ့နောက်လိုက်ခြင်းဖြင့်လူ့ဘဝအသွင်ပြောင်းလဲစေခြင်းနှင့်အသက်ပေးကြရန်ဖိတ်ခေါ်သည်။ ရှာဖွေခြင်းတကာတွင်မိမိကိုယ်ကိုယ်ရှာဖွေခြင်းသည်အခက်ခဲဆုံးဟုဆိုကြသည်။မဟတ္တမဂန္ဓီက“တပါးသူကိုအစေခံခြင်းသည် မိမိကိုယ်ကိုအလွယ်ကူဆုံးသောရှာဖွေတွေ့ရှိခြင်းဖြစ်သည်”ဟုဆိုသည်။ အချင်းချင်းအစေခံခြင်းဖြင့်အေးမြငြိမ်းချမ်းသောမေတ္တာကမ္ဘာအသွင်သို့ ပြောင်းလဲကြပါစို့။

Daily Reflection