Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-04-15 20:53:43

16.4.2024 – 3rd week of Easter, Tuesday
ဧပြီလ  ရက် ၁၆ ၊ ၂၀၂၄၊ ပါစကားကာလ တတိယမြောက်သီတင်းပတ်အင်္ဂါနေ့။
ရှင်ယောဟန် ၆း၃၀-၃၅- John; 6:30-35
Reflection by Rev.Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe,ISR

ထို့ကြောင့် သူတို့က အကျွန်ုပ်တို့မြင်၍ကိုယ်တော့်ကို ယုံကြည်နိုင်ကြရန် ကိုယ်တော်သည် မည်သည့်တန်ခိုး လက္ခဏာကိုပြပါမည်နည်း။ကိုယ်တော်သည် မည်သည့်အမှုကိုပြုပါမည်နည်း။ကျမ်းစာတော်မြတ်၌ ကိုယ်တော်သည် သူတို့စားရန်ကောင်းကင်မှမုန့်ကိုပေးတော်မူ၏ဟူ၍ ရေးထားသည်နှင့်အညီ အကျွန်ုပ်တို့၏ ဘိုးဘေးများသည် တောကန္တာရ၌ မန္နာမုန့်ကိုစားခဲ့ကြရသည်ဟု ကိုယ်တော်အားပြန်လျှောက်ကြ၏။ထိုအခါ ယေဇူးက သင်တို့အား ငါဧကန်အမှန်ဆိုသည်ကားကောင်းကင်မှမုန့်ကို သင်တို့အားပေးခဲ့သောသူသည် မိုးဇက်မဟုတ်။ ငါ၏ခမည်းတော်သည်ကောင်းကင်မှ မုန့်အစစ်အမှန်ကို သင်တို့အား ပေးတော်မူ၏။အကြောင်းမူကား ဘုရားသခင်၏ မုန့်တော်သည် ကောင်းကင်မှဆင်းလာ၍ ဤလောကကို အသက်ပေးသောမုန့်ဖြစ်သတည်းဟု သူတို့အား မိန့်တော်မူ၏။သူတို့ကလည်း သခင်၊ဤမုန့်ကို အကျွန်ုပ်တို့အားအစဉ်မပြတ်ပေးတော်မူပါဟုကိုယ်တော်အား လျှောက်ကြလေ၏။ယေဇူးကလည်း သူတို့အားမိန့်တော်မူသည်ကား ငါသည် အသက်၏မုန့်ဖြစ်၏။ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာငတ်ခြင်းရှိလိမ့်မည်မဟုတ်။ငါ၌ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။*ထောက်ရှုချက်*"ဘုရားသခင်၏ မုန့်တော်သည်ကောင်းကင်မှဆင်းလာ၍ဤလောကကို အသက်ပေးသောမုန့်ဖြစ်သတည်း။"(ယောဟန် 6:33) "ငါသည် အသက်၏မုန့်ဖြစ်၏။" (ယောဟန် 6: 35) ထွက်မြောက်ရာကျမ်းမှာမိုးဇက်ခေါတ်က အီစရာအဲလ်လူမျိုးတွေခါနန်ပြည့်ကိုသွားတဲ့လမ်းခရီးအတွက်စားစရာအဖြစ် ဘုရားသခင်ကကောင်းကင်မှမန္ဏာမုန့်ကိုချပေးခဲ့တယ်။ ဣစရာအဲလ် လူမျိုးတွေဝလင်စွာစားခဲ့ရပြီး သူတို့တို့ရည်မှန်းတဲ့ခါနန်ပြည်ကိုအရောက်သွားနိုင်ခဲ့ကြတယ်။ သို့သော် မန္ဏာမုန့်ကစစ်မှန်တဲ့အသက်မုန့် မဟုတ်ပါဘူး၊ သူကထာဝရအသက်ကိုမပေးပိုင်ပါဘူး။စစ်မှန်တဲ့အသက်မုန့်ဟာယေဇူးသခင်ကိုယ်တော်တိုင်ဖြစ်ပါတယ်။ကိုယ်တော်ကိုစားသုံးသူများဟာထာဝရအသက်ကို ရမယ်လို့ဒီနေ့ကျမ်းမှာကိုယ်တော်ကတိပြုထားပါတယ်။ဒါဟာ ကက်သလစ် ခရစ်ယာန်တွေမစ္ဆားတရားမှာ ပင့်ယူစားသုံးနေတဲ့ကိုယ်တော်ဘုရား၏သွေးတော် အသားတော်ဖြစ်ပါတယ်။ ယေဇူးသခင်က မိမိရဲ့သွေးသားတော်ကိုယုံကြည်သူ သားသမီးများအားကျွေးမွေးခြင်းကမိဘမေတ္တာကိုလည်းဖော်ပြပါတယ်။ဆော်လ်မုန်ငါးတွေက သူတို့သားသမီးတွေအသက်ရှင်သန်ကြီးထွားဖို့ သူတို့ရဲ့ခန္တာကိုယ်ကို စားစရာအဖြစ်ပေးထားခဲ့ကြပါတယ်။ပယ်လီကန်ငှက်မကြီးကသူ့မရဲ့ကလေးတွေကိုရင်ပတ်ကသွေးနဲ့နဲ့တိုက်ကျွေးပြုစုပါတယ်။ မိခင်တွေက သူတို့ရဲ့အဖြူရောင်သွေးလေးတွေဖြစ်တဲ့နို့ရည်နဲ့ သားသမီးတွေကိုရှင်သန်ကြီးထွားစေကြပါတယ်။ဖခင်ကလည်းမိမိရဲ့သွေးစက်၊ ခြွေးစက်တွေကိုရင်းပြီး သားသမီးအတွက်ပေးဆက်ကြပါတယ်။ဘုရားရှင် ရဲ့ကျွန်ုပ်တို့အပေါ်ထားတဲ့အချစ်ကတွေထက်အဆပေါင်းများစွာပိုပါတယ်။ဟေရှာယ 49:15"မိန်းမသည် မိမိဘွားသော သားကို မသနား သည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊သင့်ကို ငါမမေ့လျော့။"ဘုရားရှင်ရဲ့ ကြီးမားတဲ့ ​ချစ်ခြင်းမေတ္တာကိုချစ်တုန်ပြန်တတ်သူများဖြစ်ဖို့ကြိုးစားကြပါစို့။

Daily Reflection