Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-18 08:22:17

19.3.2024 – Solemnity of St. Joseph, Husband of the Blessed Virgin Mary.
မွန်မြတ်သော ကညာစင်မယ်တော်မာိယာ၏ ခင်ပွန်းတော်သံဇူဇယ်ပွဲနေ့
၂၀၂၄ ခုနှစ်  မတ်လ၊  ၁၉ ရက်- ဝါတွင်းကာလ ပဥ္စမသီတင်းပတ် - အင်္ဂါနေ့
Matthew 1: 16, 18-21, 24 or Luke 2: 41-51a
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ကိုယ်တော်၏ မယ်တော်ဖြစ်သောမာရိယာသည် ဂျိုးဇက်နှင့်စေ့စပ်ကြောင်းလမ်းထားပြီးမှအတူမနေမီ ဝိညာဉ်တော်မြတ်အားဖြင့် ပဋိသန္ဓေစွဲလျက် ရှိသည်ကိုတွေ့ရ၏။ သူမ၏ခင်ပွန်းဂျိုးဇက်သည် ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်သည်နှင့်အညီသူမအား အရှက်တကွဲမဖြစ်စေလိုသောကြောင့် တိတ်တဆိတ်စွန့်ခွာမည်ဟုရည်ရွယ်ခဲ့၏။ သို့သော် သူသည်ထိုသို့ ကြံစည်နေခိုက်တွင် ထာဝရဘုရားသခင်၏ကောင်းကင် တမန်တော်သည် သူ့အားအိမ်မက်၌ထင်ရှားပြလျက် ဆိုသည်မှာဒါဝိဒ်၏သား ဂျိုးဇက်၊ မာရိယာကိုသင်၏ ဇနီးအဖြစ်ထိန်းသိမ်းစောင့်ရှောက်ရန် မကြောက်ရွံ့လေနှင့်။ အကြောင်းမူကားသူမ၏ ဝမ်းထဲ၌စွဲသော ပဋိသန္ဓေမှာ ဝိညာဉ်တော်မြတ်အားဖြင့်ဖြစ်ပေါ်လာခြင်းဖြစ်၏။ သူမသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သင်သည် သူ၏အမည်ကို ယေဇူးဟုမှည့် ခေါ်ရလိမ့်မည်။ အကြောင်းမူကား သူသည် မိမိ၏ လူမျိုးကို၎င်းတို့၏ အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့် ပေတည်းဟု မိန့်ဆိုလေ၏။ ဂျိုးဇက်သည် အိပ်ပျော်ရာမှနိုးလာသောအခါ ထာဝရဘုရားသခင်၏ကောင်းကင်တမန်တော်မိန့်မှာခဲ့သည့်အတိုင်းပြုလုပ်၍သူမကိုမိမိ၏ဇနီးအဖြစ်ထိန်းသိမ်းစောင့်ရှောက်လေ၏။ရှင်မာသေဦး ၁:၁၈-၂၁, ၂၄#ထောက်ရှုချက်-ခရစ်တော်၏ ကယ်တင်ခြင်းသမိုင်းတစ်ခုလုံးတွင် စိန့်ဂျိုးဇက်သည် နောက်ကွယ်မှ စွမ်းအားကြီးစွာ၊ တိတ်ဆိတ်စွာဖြင့်အစပြုသူဖြစ်သည်။ ထိတ်လန့်ခြင်း၊ အံ့အားသင့် မယုံနိုင်စရာဖြစ်ခြင်း၊ အရှက်ရစေခြင်းတို့နှင့် ကိုယ်ဝန်အရစ်အမာဖြင့် မယ်တော်နှင့်အတူအိမ်ပြေးနေရခြင်းဖြင့်သမိုင်းအစပျိုးသူဟုဆိုရမည်။ အိမ်ပြေးရခြင်းခံစားချက်ကို ယခုခေတ်ကာလအားဖြင့်အိမ်ကိုစွန့်ခွါ၍ ပြေးလွားနေရသောစစ်ရှောင်တို့ ပိုမိုခံစားနားလည်ရပါလိမ့်မည်။ မရေရာမသေချာခြင်း၊အကာအကွယ်မဲ့၊GPS ကမ္ဘာ့နေရာပြစနစ်မပါ  တိရစ္ဆာန်တစ်ကောင်းဖြစ်သာ ခရီးပြုရသော်လည်း ဘုရားရှင်ပေါ်ထားသော နိမ့်ချခြင်း၊ နာခံခြင်း၊ ယုံကြည်ခြင်းနှင့် ကြီးမားသောသစ္စာမေတ္တာကြောင့် ကယ်တင်ခြင်း သမိုင်းကိုရုပ်လုံးဖော်ပေးသော ဖခင်ကြီး၊ ရဟန္တာဖြစ်သည်။Pope Francis မိန်ဆိုသည့်အတိုင်း ဒုက္ခရောက်ချိန်မှာ စိန့်ဂျိုးဇက်ထံမှလမ်းညွန်မှု၊ကျိုးပဲကြေမွခြင်း၊အားနည်းခြင်း၊ကြောက်ရွံ့မှုများကြားတွင်ဘုရားကိုပိုမိုယုံကြည်အားပြုရန်၊စုံစမ်းခြင်းဘဝပင်လယ်ထဲတွင်ဘေးကင်းစွာဘဝခရီးခုတ်မောင်းနိုင်ရန်သူအားယုံကြည်အားကိုးကြပါစို့။စိန့်ဂျိုးဇက်အမိမြန်မာပြည်သူပြည်သားများအားကာကွယ်စောင့်ရှောက်တော်မူပါ။

Daily Reflection