Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-04-16 09:54:58

17.4.2024 – 3rd week of Easter, Wednesday
ဧပြီလ ၁၇ ရက်  ၊ ၂ ၀၂၄၊ ပါစကားကာလ တတိယမြောက်သီတင်းပတ် ဗုဒ္ဓဟူးနေ့
ရှင်ယောဟန် ၆း၃၅-၄၀, John; 6:35-40
Reflection by Rev.Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe,ISR

 “35.ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်ကား ငါသည်အသက်၏မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာငတ်ခြင်းရှိလိမ့်မည်မဟုတ်။ငါ၌ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှရေငတ်လိမ့်မည်မဟုတ်။36.သို့သော် သင်တို့သည် ငါ့ကိုမြင်ကြလျက် မယုံကြည်ကြဟု သင်တို့အား ငါဆိုခဲ့လေပြီ။37. ငါ့အား ခမည်းတော်ပေးသမျှအရာအားလုံးသည် ငါ့ထံသို့လာလိမ့်မည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် နှင်ထုတ်လိမ့်မည်မဟုတ်။38.အကြောင်းမူကား ငါသည် ငါ၏အလိုကိုဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်ကို ဆောင်ရွက်ခြင်းငှာ ကောင်းကင်မှဆင်းလာခြင်းဖြစ်၏။39.ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်သည်ကား ငါ့အားကိုယ်တော်ပေးထားတော်မူသော အရာအားလုံးထဲမှတစ်ခုကိုမျှ မဆုံးရှုံးစေဘဲနောက်ဆုံးသောနေ့၌ ၎င်းတို့ကို ထမြောက်စေရန်ဖြစ်သတည်း။40.အဘယ်ကြောင့်ဆိုသော်ငါ့ခမည်းတော်၏အလိုတော်သည်ကား သားတော်ကိုဖူးမြင်၍သူ့ကိုယုံကြည်သောသူတိုင်းအားထာ၀ရအသက်ကိုရရှိစေမည့်အကြောင်းဖြစ်သတည်း။ငါသည်လည်း ထိုသူ့ကိုနောက်ဆုံးသောနေ့၌ထမြောက်စေမည်ဟုမိန့်တော်မူ၏။” **ထောက်ရှုချက်**"ငါသည် အသက်၏မုန့်ဖြစ်၏။"(ယောဟန် 6:35)လူတွေမှာ အရေးကြီးဆုံးနဲ့အခြေခံအကျဆုံးလိုအပ်ချက်ကစား-ဝတ်-နေ ရေးပဲဖစ်ပါတယ်။စား-ဝတ်-နေရေး သုံးခုမှာနောက်ဆုံးတစ်ခုပဲ ချန်ရမယ်ဆိုရင်စားရသောက်ရဖို့ကအရေးအကြီးဆုံးဖြစ်ပါတယ်။နေစရာမရှိပဲလူအသက်ရှင်လို့ရသေးတယ်။ဝတ်စရာမရှိပဲလည်း အသက်ရှင်နိုင်သေးတယ်။စားစရာမရှိတော့ရင်တော့ အသက်မရှင်နိုင်တော့ပါဘူး။လူတွေဟာ အစားကြောင့်အသက်ရှင်ကြရသလိုအစားကြောင့်ပဲ သေကြရပါတယ်။ အစားကြောင့်သေကြရတဲ့လူသားတွေကိုအစားနဲ့အသက်ရှင်ခွင့်ပြန်ရစေဖို့သခင်ဘုရားက မိမိကိုယ်ကိုယ်ကိုကျွန်ုပ်တို့အား အသက်၏အစာအဖြစ်ပေးသနားခြင်းဖြစ်ပါတယ်။ကိုယ်တော်မြတ်စက္ကရမ္မင်တူးဟာယေဇူးခရစ်တော်၏ သွေးတော် အသားတော်ဖြစ်ပြီးကျွန်ုပ်တို့အားလုံးအတွက် ထာဝရအသက်ရှင်ဖို့စားသောက်စရာဖြစ်ပါတယ်။ ဧဒင်ဥယျာဥ် ထဲက လူတွေကိုသေစေခဲ့တဲ့အသီးရဲ့အဆိပ်တွေကိုပြေစေခဲ့တဲ့အသက်ပင်ရဲ့အသီးတော်ဖြစ်ပါတယ်။ထာဝရအသပ်ရှင်ချင်ရင်တောကိုယ်တော်ဘုရားရဲ့ အသားတော် သွေးတော်ဖြစ်တဲ့ကိုယ်တော်မြတ်စက္ကရမ္မင်တူးကို ပင်ယူသုံးဆောင်ကြရပါလိမ့်မယ်။

Daily Reflection