Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-04-14 08:02:48

15.4.2024 – 3rd week of Easter, Monday
ဧပြီလ ၁၅ ရက်၊ ၂၀၂၄၊ ပါစကားကာလ ဒုတိယမြောက်သီတင်းပတ် တနင်္လာနေ့ ။
ရှင်ယောဟန် ၆း၂၂-၂၉- John; 6:22-29
Reflection by Rev.Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe,ISR

22. နောက်တစ်နေ့၌ ပင်လယ်တစ်ဖက်ကမ်းတွင် ကျန်ရစ်ခဲ့ကြသော လူအစုအဝေးတို့သည် ထိုနေရာ၌ လှေတစ်စီးသာ ရှိကြောင်းနှင့် ယေဇူးသည်လှေပေါ်သို့လိုက်ပါသွားခြင်းမရှိဘဲ တပည့်တော်များသာ ထွက်ခွာသွားကြကြောင်းကိုမြင်ကြ၏။သို့သော်လည်း တိဘေးရိယမြို့မှ လှေများသည် သခင်ဘုရားကျေးဇူးတော်ချီးမွမ်းပြီးနောက် မိမိတို့မုန့်စားခဲ့ကြသော နေရာအနီးသို့ ဆိုက်ရောက်လာကြ၏။သူတို့သည် ယေဇူးနှင့် တပည့်တော်တို့ ထိုအရပ်၌မရှိကြောင်းကို သိမြင်ကြသောအခါ လှေများပေါ်သို့တက်ကြပြီး ကာဖာနာအုမ်မြို့သို့သွားကြ၍ ယေဇူးကိုရှာကြ၏။သူတို့သည် ကိုယ်တော့်ကို ပင်လယ်တစ်ဖက်ကမ်း၌တွေ့မြင်ကြလျှင်ရာဘီ၊ မည်သည့်အချိန်က ဤအရပ်သို့ရောက်လာ ခဲ့ပါသနည်းဟု ကိုယ်တော်အား မေးကြ၏။ယေဇူးကလည်း သင်တို့အားငါဧကန်အမှန်ဆိုသည်ကားသင်တို့သည်တန်ခိုးလက္ခဏာကိုမြင်ကြရသောကြောင့်မဟုတ်။ ပေါင်မုန့်ကိုစား၍ ၀သောကြောင့်သာ ငါ့ကိုရှာကြ၏။ပျက်စီးတတ်သောအစာအတွက် မကြိုးစားကြနှင့်။ ထာ၀ရအသက်၌ တည်စေခြင်းငှာ လူသားသည် သင်တို့အားပေးမည့်အစာအတွက် ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် သူ့အပေါ် ၌ မိမိ၏တံဆိပ်ကို ခတ်နှိပ်တော်မူလေပြီဟု မိန့်တော်မူ၏။ထိုအခါ သူတို့က ဘုရားသခင်၏ အမှုတော်များကို ဆောင်ရွက်နိုင်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုလုပ်ရမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ယေဇူးကလည်း ထာ၀ရဘုရား သခင်နှစ်သက်တော်မူသော အမှုအရာသည်ကား ကိုယ်တော်ရှင် စေလွှတ်တော်မူသောသူကို သင်တို့ယုံကြည်ခြင်းပင် ဖြစ်သတည်းဟု သူတို့အား ပြန်ဖြေတော်မူ၏။- ထောက်ရှုချက်- ပျက်စီးတတ်သော အစာအတွက်မကြိုးစားကြနှင့်။ထာ၀ရအသက်၌ တည်စေခြင်းငှာလူသားသည် သင်တို့အားပေးမည့်အစာအတွက်ကြိုးစား အားထုတ်ကြလော့။ (ယောဟန် 6:27)လောကမှာ ကျွန်ုပ်တို့တွေ ဘာအတွက်အစာစားနေကြတာလဲ။လူအားလုံးက အစာစားခြင်းဟာအသက်ရှင်ဖို့ အတွက်ဖြစ်တယ်လို့ဖြေကြမှာဖြစ်ပါတယ်။ဒါပေမယ့် ကျွန်ုပ်တို့သိရမယ်အမှန်တရားရှိတယ်အဲ့ဒါကတော့ အစာစားတိုင်းအသက်မရှင်ဘူးဆိုတာပါပဲ။ကျွန်ုပ်တို့ရဲ့မိဦးဖဦးဖြစ်တဲအာဒံနဲ့ ဧဝဟာ အစားကြောင့်ပဲသေခဲ့ကြရတာဖြစ်ပါတယ်။စာတန်နတ်ဆိုး ပေးတဲ့အစာကြောင့်လူတွေသေခဲ့ကြရပါတယ်။ဒီနေ့ သခင်ခရစ်တော်မိန့်ကြားတဲ့"ထာ၀ရအသက်၌ တည်စေခြင်းငှာ လူသားသည် သင်တို့အားပေးမည့်အစာဆိုတာကတော့ သခင်ဘုရား၏သွေးတော် အသားတော် ဖြစ်တဲ့ကိုယ်တော်မြတ်စက္ကရမ္မင် ဖြစ်ပါတယ်နေ့စဉ်ဘဝမှာ ပျက်စီးတတ်သော အစာတွေအတွက်သာကြိုးစားရှာဖွေမနေပဲထာဝရအသက်ကိုပေးတဲ့ကောင့်ကင်ကမုန့် ကိုယ်တော်မြတ်စက္ကရမ္မင်အားလည်းမကြာခဏပင်ယူသုံးဆောင်ဖို့ ကြိုးစားကြစို့။သမ္မာကျမ်းစာ ဟာလည်းထာဝရအသက်ပေးတဲ့ နှုတ်ကပတ်တော်ဖြစ်သည့်အတွက် နေ့စဥ် ဖတ်ရှု ထောက်ရှု နိုင်ကြဖို့ကြိုးစားကြပါစို့။

 

Daily Reflection