Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-17 21:52:20

18.3.2024 – Monday of the 5th week of Lent
၂၀၂၄ ခုနှစ်မတ်လ၊၁၈ ရက်- ဝါတွင်းကာလ ပဥ္စမသီတင်းပတ် - တနင်္လာနေ့
John 8:81-11 - ရှင်ယောဟန် ၈:၁-၁၁
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမတစ်ဦးကို ကျမ်းတတ်ဆရာများနှင့်ဖာရီဇေးဦးတို့သည်လူတို့အလယ်တွင်ရပ်နေစေလျက်ကိုယ်တော်အား ဆရာသခင်၊ဤမိန်းမကိုအိမ်ထောင်ရေဖောက်ပြန်မှုကျူးလွန်နေစဉ်ဖမ်းမိခဲ့ပါ၏။ပညတ်တရားတွင်မိုးဇက်က ဤမိန်းမမျိုးကိုကျောက်ခဲနှင့် ပေါက်သတ်ရမည်ဟု ပညတ်ခဲ့၏။ သူမနှင့်ပတ်သက်၍ ကိုယ်တော်မည်သို့  မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။ ကိုယ်တော်သည် အောက်သို့ငုံ့၍ မြေပေါ်တွင် လက်ညှိုးတော်နှင့်ရေးမှတ်လျက်ကိုယ်တော်သည်မော်ကြည့်လျက် သင်တို့ တွင်အပြစ်ကင်းသူသည် ဦးစွာပထမသူမကို ကျောက်ခဲနှင့် ပေါက်စေဟုမိန့်တော်မူ၏။#ထောက်ရှုချက်-"အာဏာသိမ်းတဲ့နောက်သမီးရဲ့အမျိုးသားဘယ်ကိုထွက်သွားမှန်းမသိ၊ အမေအိုနဲ့သားသမီး (၃) ယောက်ကိုရှာကျွေးရတယ်၊ အာဏာသိမ်းပြီးတဲ့နောက်သမီးအလုပ်လုပ်တဲ့အထည်စက်ရုံလဲပိတ်သွားတယ်။ အခြားအလုပ်လဲ ရှာရခက်လို့ပါ"ဟုမှောင်ရိပ်ခိုပြီး မိသားစုဝင်ငွေကိုရှာဖွေနေရသောအမျိုးသမီးတစ်ဦ၏ရင်ဖွင့်သံဖြစ်သည်။သမုဒ္ဒရာ ဝမ်းတထွာ ဆိုသလို ဆင်းရဲမူအမျိုးမျိုးကြောင့် ဝမ်းရေးတွက် ရှာဖွေဖြည်းဆည်းရင်း ဘဝဘေးအန္တာရယ်အသွယ်သွယ်ကျရောက်သောမိန်းခလေးများသည် ဒုနှင့်ဒေးပင်။ မည်သို့ပင်ဆိုစေကာမူ အောင်မြင်သောအမျိုးသမီးတွက်လက်ခုတ်သံသည် ကာလအပိုင်းအခြားတခုထိပဲ့တင်ထပ်သော်လည်းကျရှုံးပြိုလဲသောအမျိုးသမီးတွက် လက်ညိုးသည် တသက်တာဖြစ်သည်။ ထိုအမည်းစက်ကိုဖျက်ဖို့ရာခဲ့ဖျက်မရှိ။ဝိညာဉ်လမ်းညွန် ရဟန်းတစ်ပါး ဆိုခဲ့ဖူးသည်။"မင်းတို့ ငါတို့ထက်ပြည့်တန်ဆာမများ ကောင်းကင်ကိုအရင်သွားမည်"။ တကယ်​တော မိန်းခလေးတိုင်းမွေးရာပါမိခင်စိတ်ရှိသလို ထိုမိခင်တယောက်၏ မေတ္တာသည် သိမ်မွေ့နက်နဲ့သကဲ့သို့ပေးဆပ်နိုင်စွမ်းကြီးမားလွန်းသည်။ သို့ဖြစ် လောကကြီးမှာ မြေနိမ့်ရာလှံစိုက်မည့် အစား ထိုရေမြေ နောက်ခံကို သင်သေချာလေ့လာသုံးသပ်လျင် သင်ထိုသူကို လွယ်လွယ်နှင့်စီရင်ဆုံးဖြတ်မိမှာမဟုတ်ပေ။ဘေးအန္တာရယ်ကြားမှ မိန်းခလေးတစ်ဦးကို သင်ကယ်တင်လိုက်ခြင်းသည်အနာဂတ်မျိုးဆက်တစ်စုကို သင်ကယ်တင်လိုက်ခြင်းဖြစ်သည်။ ကျိုးပဲကြေမွသောမိန်းခလေးတယောက်ကိုသင် နားထောင်ပေးလျင် ထိုမိန်းခလေး၏ ဘဝအလှကို သင်ပြန်လည်မွမ်းမံပေးခြင်း ဖြစ်သည်။ ပုခက်လွဲသောလက်များကို ကြင်နာသနားစွာဆွဲခေါ်ခြင်းသည် သိမ့်မွေ့သောကမ္ဘာတစ်ခုကိုတည်ဆောက်ခြင်းဖြစ်သည်။ ယေဇူးက ငါသည်လည်း သင့်အား အပြစ်ဒဏ်မစီရင်တော့ပြီ။ သွားလော။နောက်တဖန်အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။ Jn.8:11

Daily Reflection