Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-04-18 20:45:40

19.4.2024 - Friday 19 April 2024 3rd week of Eastertide
ဧပြီလ ၁၉  ရက်  ၊ ၂ ၀၂၄၊ ပါစကားကာလ တတိယမြောက်သီတင်းပတ် သောကြာနေ့
ရှင်ယောဟန် ၆:၅၂-၅၉- John; 6:52-59
Reflection by Rev.Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe,ISR

ထိုအခါ ဂျူးလူမျိုးတို့က ဤသူသည် ငါတို့အားသူ၏အသားကိုစားရန်မည်ကဲ့သို့ပေးနိုင်မည်နည်းဟူ၍ မိမိတို့ အချင်းချင်းငြင်းခုံကြလေ၏။ ယေဇူးကလည်း သူတို့အားမိန့်တော်မူသည်မှာသင်တို့အား ငါဧကန်အမှန်ဆိုသည်ကား လူသား၏အသားကို သင်တို့မစား၊သူ၏သွေးကိုလည်း သင်တို့မသောက်ကြလျှင် သင်တို့၌ အသက်မရှိနိုင်ရာ။ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ထာ၀ရအသက်ကိုရ၏။ ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်စေမည်။အကြောင်းမူကား ငါ၏အသားသည် စားစရာအမှန်ဖြစ်၏။ ငါ၏သွေးသည်လည်း သောက်စရာအမှန်ဖြစ်၏။ငါ၏အသားကိုစား၍ ငါ၏သွေးကို သောက်သောသူသည် ငါ၌တည်နေ၏။ ငါသည်လည်းထိုသူ၌တည်နေ၏။အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည့်အတိုင်း ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်၏။ ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့်အသက်ရှင်လိမ့်မည်။ဤသည်ကား ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်သတည်း။ ဤမုန့်သည် သင်တို့၏ဘိုးဘေးများ စားခဲ့ကြ၍ သေဆုံးခဲ့ကြသောမန္နာမုန့်ကဲ့သို့မဟုတ်။ ဤမုန့်ကိုစားသောသူမူကား အစဉ်ထာ၀ရအသက်ရှင်လိမ့်မည်ဟု မိန့်တော်မူ၏။ကိုယ်တော်သည် ဤအကြောင်းအရာများကို ကာဖာနာအုမ် မြို့ရှိ တရားဇရပ်၌ သွန်သင်တော်မူခြင်းဖြစ်၏။”ထောက်ရှုချက်=သခင်ခရစ်တော်ကိုယ်တိုင်အကြိမ်ကြိမ်မိန့်ကြားခဲ့တာဟာအရေးကြီးတဲ့ အတွက်ဖြစ်ပါတယ်။ "လူသား၏အသားကို သင်တို့မစား၊သူ၏သွေးကိုလည်း သင်တို့မသောက်ကြလျှင်သင်တို့၌ အသက်မရှိနိုင်ရာ။""ငါ၏အသားကိုစား၍ငါ၏သွေးကိုသောက်သောသူသည်ထာ၀ရအသကျကိုရ၏။" "ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့၌ရှင်ပြန်ထမြောက်စေမည်။""ငါ၏အသားကိုစား၍ငါ၏သွေးကို သောက်သောသူသည်ငါ၌တည်နေ၏။ငါသည်လည်း ထိုသူ၌တည်နေ၏။""ငါ့ကိုစားသောသူသည်လည်းငါ့အားဖြင့် အသက်ရှင်လိမ့်မည်။" "ဤမုန့်ကိုစားသောသူမူကားအစဉ်ထာ၀ရအသက်ရှင်လိမ့်မည်။"ကိုယ်တော်၏သွေးတော် အသားတော်ဖြစ်တဲ့ကိုတော်မြတ်စက္ကရမ္မင့်တူးကိုယုံကြည်စွာ မကြာခဏ ပင်ယူသုံးဆောင်ပြီးဘုရာရှင်ပေးသော အသက်ကိုရရှိဖို့ကြိုးစားကြပါစို့။

Daily Reflection