Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-04-23 10:22:34
24.4.2024 - 4th week Wednesday of Eastertide
ဧပြီလ  ၂၄ ရက်  ၊ ၂ ၀၂၄၊ ပါစကားကာလ စတုတ္ထပတ် ဗုဒ္ဓဟူးနေ့၊
Saint Fidelis of Sigmaringen, Priest, Martyr
ရှင်ယောဟန် ၁၂း၄၄-၅၀ - John 12: 44-50
Reflection by Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe,ISR

ယေဇူးသည်လည်း ကြွေးကြော်၍ မိန့်တော်မူသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာလျှင် ယုံကြည်သည် မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း ယုံကြည်၏။ထို့အတူ ငါ့ကိုမြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း မြင်၏။ငါ့ကို ယုံကြည်သောသူဟူသမျှသည် မှောင်မိုက်၌ ဆက်လက်မနေရစေခြင်းငှာ ငါသည် အလင်းအဖြစ်နှင့်ဤလောက သို့ကြွလာခဲ့လေပြီ။အကြင်သူသည် ငါ၏ဟောပြောချက်များကို ကြားနာရပြီး ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်း မပြုပါလျှင် ထိုသူကို ငါအပြစ်မစီရင်။ အကြောင်းမူကား ငါသည် ဤလောကကို အပြစ်စီရင်ရန်မဟုတ်ဘဲ ဤလောကကို ကယ်တင်ရန် ကြွလာ၏။ငါ့ကိုငြင်းပယ်၍ ငါ၏စကားများကို လက်မခံသောသူအတွက် တရားစီရင်မည့်သူရှိလေပြီ။ ငါဟောပြောသော စကားသည် ပင်လျှင် ထိုသူ့ကို နောက်ဆုံးသောနေ့၌ တရားသူကြီးအဖြစ်နှင့် တရားစီရင်လိမ့်မည်။အကြောင်းမူကား ငါသည် ငါ၏အခွင့်အာဏာနှင့် ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော် ကိုယ်တိုင်က ငါ့အားမည်သည့်အရာ ပြောဆိုရမည်ကို ပညတ်ချက်ပေးတော်မူ၏။ကိုယ်တော်၏ပညတ်တော်သည် ထာ၀ရအသက်ဖြစ်သည်ကို ငါသိ၏။ ထို့ကြောင့် ငါဟောပြောသမျှသည် ခမည်းတော်မိန့်မှာတော်မူသည့်အတိုင်း ဟောပြောခြင်း ဖြစ်သည်ဟု မိန့်တော်မူ၏။"ငါသည် ဤလောကကိုအပြစ်စီရင်ရန်မဟုတ်ဘဲဤလောကကို ကယ်တင်ရန် ကြွလာ၏။"(ယောဟန် တခါတလေ ကျွန်ုပ်တို့တွေကဘုရာသခင်ကို တရားစီရင်သောဘုရားလို့ထင်မြင်ယူဆကြပါတယ်။ဒုက္ခတခုခုတွေ့ရင်ဘုရားက ငါ့ကိုဒဏ်ခတ်တာထင်တယ်။ငါဘာမှားလို့ ဘုရားက ဒဏ်ခတ်ရတာလဲ။စသည်ဖြင့်ပြောဆိုပြီး ဘုရားရှင်ကိုအပြစ်ဒဏ်ပေးတဲ့ဘုရားအဖြစ်မြင့်တွေ့တတ်ကြပါတယ်။ဒီနေရာမှာ နားလည်ရမှာကကျွန်ုပ်တို့အပြစ်ကျူးလွန်ရင်အပြစ်ဒဏ် ခံရတာတော့ရှိတတ်ပါတယ်။အရက်သောက်လို့ အသဲရောဂါဖြစ်သလိုမျိုးပေါ့အဲ့ဒါဟာ ဘုရားဒဏ်ခတ်တာမဟုတ်ပါဘူးသူ့လုပ်ရပ်အမှားကြောင့် သူခံရတာပါ။ကျမ်းစာထဲက ရောဘ ဒုက္ခခံစားခဲ့ရတာကျတော့စာတန်နတ်ဆိုး၏ မနာလိုခြင်းစိတ်ကြောင့်ခံခဲ့ရတာဖြစ်ပါတယ်။ဘုရားရှင်က ကျွန်ုပ်တို့ကိုဒဏ်မခတ်ပါဘူးကျွန်ုပ်တို့ အားလုံးကို ကယ်တင်ခြင်းချမ်းသာရစေချင်ပါတယ်။ဒါကြောင့်မို့ ကျွန်ုပ်တို့ကိုယ်စားကားတိုင်ပေါ်မှာ အသေခံခဲ့တာပါ။ဘုရားရှင်ရဲ့ ချစ်မေတ္တာကိုနားလည်ပြီးကျေးဇူးတင် တုန့်ပြန်ဖို့ ကြိုးစားကြပါစို့။

 

Daily Reflection