Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-04-12 08:25:59

12.4.2024 - 2nd week of Easter, Friday
ဧပြီလ ၁၂ ရက်၊ ၂၀၂၄၊ သောကြာနေ့၊ ပါစကားကာလ ဒုတိယမြောက်သီတင်းပတ်။
  Saint Martin I, Pope, Martyr
 ရှင်ယောဟန် ၆း၁၆-၂၁- John;6:16-21,
Reflection by Rev.Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe,ISR

ညနေအချိန်ရောက်သောအခါတပည့်တော်တို့သည်ဂါလေလေးယပင်လယ်သို့ဆင်းကြ၍၊လှေပေါ်သို့တက်ကြပြီးမှပင်လယ်တစ်ဖက်ကမ်းရှိကာဖာနာအုမ်မြို့သို့သွားကြ၏။ထိုအချိန်၌မှောင်လာပြီဖြစ်သော်လည်း ယေဇူးသည်သူတို့ထံသို့ရောက်လာတော်မမူသေးပေ။လေပြင်းတိုက်ခတ်နေသောကြောင့် ပင်လယ်၌ လှိုင်းတံပိုး
ထလျက်ရှိလေ၏။သူတို့သည်ခရီးသုံးမိုင်၊လေးမိုင်ခန့် လှော်ခတ်လာကြပြီးသော်ယေဇူးသည် ရေပေါ်တွင်လမ်းလျှောက်လျက် လှေအနားသို့ ချဉ်းကပ်လာသည်ကိုမြင်ကြသဖြင့်ကြောက်ရွံ့တုန်လှုပ်ကြ၏။သို့သော်ကိုယ်တော်က မကြောက်ကြနှင့်။ငါပင်ဖြစ်၏ဟုသူတို့အားမိန့်တော်မူ၏။ထိုအခါ သူတို့သည် ကိုယ်တော့်ကို လှေပေါ်သို့
ဝမ်းမြောက်ဝမ်းသာဖိတ်ခေါ်ကြ၏။ထိုခဏချင်းတွင်ပင် လှေသည်သူတို့သွားကြမည့်အရပ်သို့ဆိုက်ရောက်လေ၏.ထောက်ရှုချက်"လေပြင်းတိုက်ခတ်နေသောကြောင့်ပင်လယ်၌လှိုင်းတံပိုး ထလျက်ရှိလေ၏။"(ယောဟန် 6:18)ညအချိန်ရောက်တယ်Darkမှောင်လာတယ်မိုးချုပ်လာတယ်တပည့်တော်များနဲ့အတူဆရာသခင်ကလည်ရှိမနေခဲ့ဘူး။လေထန် လှိုင်းကြမ်းလာတယ်။ကြောက်ရွံ့ထိပ်လန့်ခြင်းတွေနဲ့ပင်လယ်ကိုဖြတ်သန်းခဲ့ရတယ်။ကျွန်ုပ်တို့ တွေမှာဝိညာဥ်ရေး အမှောင်ကျတဲ့အချိန်တွေရှိနေတတ်ပါတယ်။ဝိညာဥ်ရေးအမှောင်ကျခြင်း၊ဘဝအမှောင်ကျခြင်းတွေတွေ့ကြုံရတဲ့အခါ၊ဘုရားနဲ့လည်းဝေးကွာနေမယ်ဆိုရင်ကျွန်ုပ်တို့ရဲ့ ဘဝလေငယ်လေးမှာ လေဒဏ် လှိုင်းဒဏ်ခံရမှာဖြစ်ပြီး ကြောက်ရွံ့စိုးရိမ်စရာတွေနဲ့ရင်ဆိုင်ရမှာပါပဲ။ခရစ်တော်သခင် ကိုမိမိတို့ရဲ့ဘဝလှေငယ်အထဲဖိတ်ခေါ်ဖို့မမေ့ပါနဲ့။ကိုယ်တော်ဘုရားက ဘဝလှိုင်းတွေကိုငြိမ်သက်ပေးမှာဖြစ်ပြီးကျွန်ုပ်တို့လိုရာခရီးကိုလည်း အမြန်ဆိုက်ရောက်ရန်ကူညီပေးပါလိမ့်မယ်။ ယခုလိုလှိုင်းထန်တဲ့ပင်လယ်ပြင်မှာဘဝလှေငယ်ဖြတ်သန်းနေရတဲ့အချိန်မှာသခင်ခရစ်တော်နဲ့အတူခရီးပြုဖို့မိမိတို့ရဲ့ ဘဝလှေငယ်ထဲသခင်ဘုရားကို ဖိတ်ခေါ်ကြပါစို့။တောင်းဆုအိုမေတ္တာတော်အရှင် ခရစ်တော်ဘုရားယခုလို မုန်တိုင်းထန်သောပင်လယ်၌တပည့်တော်တို့ ပင်ပန်းစွာခရီးပြုနေရစဥ်ဘေးအန္တရာယ်ကင်းစွာ ခရီးပြုနိုင်ကြဖို့တပည့်တော်တို့နှင်အတူရှိတော်မူပါဘုရား။မုန်တိုင်းကိုလည်း အမြန်ငြိမ်သက်စေတော်မူပါဘုရား။ အာမင်။

 

Daily Reflection