Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-04-20 09:27:11

21.4.2024 – 4th week Sunday of Eastertide
ဧပြီလ ၂၁  ရက်  ၊ ၂ ၀၂၄၊ ပါစကားကာလ စတုတ္ထတနင်္ဂနွေနေ့ (ခ-နှစ်)
ရှင်ယောဟန် ၁၀:၁၁-၁၈ - John; 10;11-18
Reflection by Rev. Fr. Bernardino Ne Ne
Posted by Sr. Benedetta Myat Hnin Nwe,ISR

တိုလီမုတ်စသြဝါဒ (ယောဟန် ၁၀:၁၁-၁၈)အီစတာရဲ့စတုတ္ထမြောက်တနင်္ဂနွေနေ့ကို “ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့”လို့လည်း ခေါ်ဆိုကြပြီး ဝတ်ပြုဆုတောင်းမှုများက ယေဇူးရှင်ရဲ့ လှပတဲ့သိုးထိန်းပုံရိပ်အပေါ် အာရုံစိုက်မိစေပါတယ်။ ရဟန်းမင်းကြီး Saint Paul VI က 1964 ခုနှစ်မှစပြီး ဤတနင်္ဂနွေနေ့ကို ရဟန်းချုပ်နဲ့ကောင်းသောသိုးထိန်းရှင်ဖြစ်သူ ယေဇူးသခင်နောက် တော်သို့ လိုက်ဖို့ရန် ခေါ်ဆိုမှုကို လက်ခံရရှိသူများအတွက် ဆုတောင်းပေးအပ်ရာနေ့အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ရဟန်းမင်းကြီး ဖရန်စစ်က ဒီ ၂၀၂၄ ခုနှစ်ရဲ့ သဝဏ်လွှာမှာ ရဟန်း၊သူတော်စင်များဘဝအသက်တာကိုရွေးချယ်ထားကြသူများအားလုံးအတွက် ဆုတောင်းပေးခြင်းရဲ့အရေးကြီးပုံကို ပြန်လည်အမှတ်ရထားပြီး“ဤနေ့မှာ နိုင်ငံတော်တည်ထောင်ရေးအတွက်သန့်ရှင်းသောခေါ်တော်မူခြင်းဆုကျေးဇူးကို ပေးပိုင်ရှင်ခမည်းတော်ဘုရားထံ အသနား ခံရန် အထူးရည်စူးပြီး “မိမိ၏လယ်ကွင်းထဲသို့လုပ်သားများ စေလွှတ်မည့်အကြောင်း လယ်ပိုင်ရှင်ကို တောင်းလျှောက်ကြလော့”(လုကာ ၁၀:၂) လို့ ထည့်သွင်းမိန့်မှာခဲ့ပါတယ်။ဒီရှုထောင့်အရ ယနေ့ကမ္ဘာတစ်ဝှမ်းရှိ သာသနာအုပ်စုများနဲ့ ဂိုဏ်းချုပ်၊အုပ်သာသနာအများအပြားက  မစ်ရှင်နယ်မြေများရှိ ရဟန်း၊သူတော်စင်များအား ပြုစုပျိုးထောင်ရေးမှာ ပံ့ပိုးကူညီနိုင်ဖို့အတွက် “ရဟန်းမင်းကြီးဆိုင်ရာ တမန်တော်ကြီးရှင်ပေတရူး(POSPA) အသင်းရဲ့ အလှူငွေအား လက်ခံစုစည်းမှုကို စီစဉ်ဆောင်ရွက်ကြပါတယ်။ ဆိုတော့က ယုံကြည်သူတိုင်းဟာ အသင်းတော်ကြီးရဲ့ ဧဝံဂေလိတရား ဟောပြောခြင်းအမှုတော်မှာ ဆုတောင်းခြင်းနဲ့ ရုပ်ဝတ္တုပစ္စည်းများပံ့ပိုးကူညီမှုဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့တာဝန်ရှိကြောင်း နှလုံးသွင်းကြရပါမယ်။ကောင်းသောသိုးထိန်းတနင်္ဂနွေလို့ ခေါ်ဆိုထားတဲ့ အီစတာစတုတ္ထတနင်္ဂနွေနေ့ရဲ့ ဧဝံဂေလိကျမ်း (ယော ၁၀:၁၁-၁၈)က ယေဇူးရှင်အား မိမိသိုးစုလေးကို ကာကွယ်ပေးသော၊သိရှိရင်းနှီးပြီး ချစ်မြတ်နိုးသောသိုးထိန်းအစစ်အမှန်အဖြစ် သရုပ်ဖော်တင်ပြပေးပါတယ် (Pope Francis, 25 April 2021)။သိုးတွေကို မိမိပိုင်ဆိုင်ခြင်းမဟုတ်တဲ့အတွက်ကြောင့် ဂရုမစိုက်သော “သူရင်းငှါး (သို့) ကြေးစား” တို့က သိုးထိန်းကောင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ သူတို့က အခကြေးငွေအတွက်သာ အလုပ်ကို လုပ်ဆောင်ပြီး သိုးများကို အကာအကွယ်ပေးရန် စိတ်မဝင်စားကြဘူး။ ဝံပုလွေတစ်ကောင်ရောက်လာခဲ့ရင် သိုးများကို စွန့် ပစ်ချန်ထားပြီး ကိုယ်လွှတ်ရုန်းရှောင်ပြေးသွားတတ်တယ် (၁၀:၁၂-၁၃)။ စစ်မှန်တဲ့ သိုးထိန်းသခင် ယေဇူးရှင်ကတော့ ကျွန်ုပ်တို့ကို အမြဲကာကွယ်ပေးပြီး အလွန်ခက်ခဲတဲ့အခြေအနေများနဲ့ အန္တရာယ်ရှိတဲ့ အခြေအနေများမှာ နှုတ်ကပတ်တော်၏အလင်းနဲ့ ကိုယ်တော်ရှင်ရဲ့ နီးစပ်တည်ရှိခြင်း ခွန်အားဖြင့် ကျွန်ုပ် တို့ကို စောင့်ရှောက်ကယ်တင်ပေးတယ်။ယေဇူးဘုရားရှင်က မိမိတို့တစ်ဦးစီရဲ့ နာမည်ကို သိရှိခြင်းဟာ အဘယ်မျှလောက်လှပပြီး စိတ်သက်သာရာ ရစေသလဲ။ ကျွန်ုပ်တို့က ကိုယ်တော်ရှင်အတွက် “လူအုပ်ကြီး/လူအစုအဝေး”မဟုတ်ဘဲ ကျွန်ုပ်တို့ဟာ ထူးခြားသောပုဂ္ဂိုလ်များ ဖြစ်ကြတယ်။ ကျွန်ုပ်တို့တစ်ဦးစီကို ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်း၊ ကိုယ်ပိုင် တန်ဖိုးများဖြင့် သိရှိပြီး ပုဂ္ဂိုလ်တစ်ဦးစီက ရွေးနုတ်ထားတော်မူသော လူများအဖြစ် လက်ခံရှုမြင်တော်မူတယ်။ပရောဖက်များ ကြိုတင်ဟောထားတဲ့ဘုရားသခင်လူမျိုးတော်ရဲ့သိုးထိန်ပုံသဏ္ဍာန်က ကိုယ် တော်ရှင်မှာ လုံးဝပြည့်စုံနေတယ်။ ယေဇူးဘုရားရှင်က သူရဲ့ သိုးများကို ဂရုစိုက်တယ်။ သိုးတို့ကို စုစည်းစေတယ်။ သိုးတို့ရဲ့ဒဏ်ရာများကို ချည်နှောင်ကာ၊သူတို့၏ရောဂါများကို ကုသပေးတယ်။(ယေဇ ၃၄း၁၁-၁၆)။ဒါ့ကြောင့် ကောင်းသောသိုးထိန်းရှင်ယေဇူးဟာ သိုးများကို ကာကွယ်စောင့်ရှောက်ပေးတယ်။ သိုးများကို သိရှိရင်းနှီးပြီး အထူးသဖြင့် မိမိသိုးများကို ချစ်မြတ်နိူးတော်မူတယ်။ ထို​အ​ကြောင်း​ရင်းကြောင့်​လည်း သိုးများ​​အ​ဖို့​ သူ့အ​သက်​ကို ​ပေး​လှူတော်​မူ​တယ် (ယော၊ ၁၀:၁၅)။ ခမည်းတော်ဘုရားရဲ့အလိုတော်ဖြစ်တဲ့ “မည်သူမျှ မဆုံးရှုံးစေရ” လို့ဆိုတဲ့ ကတိတော်အတိုင်း သူ့သိုးများအတွက် ချစ်ခြင်းမေတ္တာ၊တနည်းအားဖြင့် ကျွန်ုပ်တို့တစ်ဦးစီအတွက် ထားရှိတဲ့ ချစ်မေတ္တာကြောင့် ကားတိုင်ပေါ်တွင် အသေခံဖို့ရန် ပို့ဆောင်ခံခြင်း ဖြစ်တယ်။ ယေဇူးဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာက သတ်မှတ်ဘောင်ခတ်ခြင်းမရှိ၊ လူတိုင်းကို လက်ခံပါတယ်။သူကိုယ်တိုင်က ယနေ့ဧဝံဂေလိကျမ်းမှာ“ဤသိုးစုတွင် မပါဝင်သော အခြားသိုးများလည်း ငါ့၌ရှိ၏။ထိုသိုးများကိုလည်း ငါခေါ်ဆောင်ရဦးမည်။သူတိုသည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ဤသို့ဖြင့် သိုးစုတစု၊သိုးထိန်းတပါးတည်း ဖြစ်လိမ့်မည်”(ယော ၁၀:၁၆) လို့ မိန့်ဆိုတော်မူတယ်။ ဤစကားများကို ထောက်ရင် ကိုယ်တော်ရှင်ရဲ့ အားလုံးအပေါ်စိုးရိမ်မှုကို သက်သေခံနေပါတယ်။ ယေဇူးဘုရားရှင်က လူတိုင်းအတွက် သိုးထိန်းဖြစ်တယ်။ ကိုယ်တော်ရှင်က လူတိုင်းအား ခမည်းတော်ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို ခံယူပြီး ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်နိုင်စေရန်လည်း အလိုရှိတော်မူတယ်။ပြီးတော့ ကိုယ်တော်ရှင်ရဲ့ ဒီမစ်ရှင်ကို ဆက်လုပ်ဖို့ အသင်းတော်ကြီးကို ဖိတ်ခေါ်တယ်။ ခမည်းတော် ဘုရားက လူတိုင်းအတွက် မိမိရဲ့အသက်ကို စွန့်တော်မူခဲ့သော သိုးထိန်းကောင်း ယေဇူးရှင်ထံ လူအားလုံးကို အပ်နှင်းတော်မူတယ်။ ကျွန်ုပ်တို့အားလုံးကလည်း ကောင်းသောသိုးထိန်း ယေဇူးဘုရား ရှင်ရဲ့ အမူတော်မြတ်မှာ ပါဝင်ဆောင်ရွက်သူများ ဖြစ်ကြရပါမယ်။

Daily Reflection