Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-25 09:49:47

26.3.2024 –Holy Week, Tuesday
၂၆.၄.၂၀၂၄ - သန့်ရှင်းသော ရက်သတ္တပတ်၏(အင်္ဂါနေ့)
John 13:21-26,38 - ရှင်ယောဟန် ၁၃:၂၁-၂၆၃၈
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ယေဇူး သည် စိတ်သောကရောက်၍ သင်တို့အားငါဧကန်အမှန်ဆိုသည်ကား သင်တို့ထဲမှတစ်ဦးသည်ငါ့ကိုရန်သူ့လက်သို့ အပ်နှံလိမ့်မည်ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် မည်သူ့ကို ရည်ညွှန်းပြောဆိုကြောင်း သေချာမသိကြသောကြောင့် တပည့်တော်တို့သည် တစ်ဦးကိုတစ်ဦးကြည့်နေကြ၏။ ကိုယ်တော်၏တပည့်တော်များထဲမှ ယေဇူးချစ်တော်မူသောတပည့်တော်သည်ကိုယ်တော်၏ရင်ခွင်အနီးတွင် လျောင်းလျက်ရှိ၏။ ထို့ကြောင့် စီမွန်ပေတရုက သူ့အား ကိုယ်တော်သည်မည်သူ့ကို ရည်ညွှန်းပြောဆိုကြောင်း မေးလျှောက်ရန်အရိပ်အကဲပြလေ၏။ သို့ဖြစ်၍ သူသည်ယေဇူး၏ ရင်ခွင်နှင့် နီးကပ်စွာလဲလျောင်းလျက် သခင်ဘုရား၊ထိုသူသည် မည်သူဖြစ်မည်နည်းဟု ကိုယ်တော်အားမေးလျှောက်လေ၏။ ယေဇူးက ဤပေါင်မုန့်တစ်ဖဲ့ကိုနှစ်ပြီးငါပေးမည့်သူကား ထိုသူပင်ဖြစ်သတည်းဟုမိန့်တော်မူ၏။ ဤသို့ဖြင့် ကိုယ်တော်သည် ပေါင်မုန့်တစ်ဖဲ့ကိုနှစ်ပြီးသောအခါ ၎င်းကို စီမွန်အစ္စကာရီယုဒ်၏သားဂျုဒအားပေးလေ၏။ ထိုနောက် ယေဇူးက စီမွန်ပေတရုအား ယေဇူးကသင်သည် ငါ့အတွက်သင်၏အသက်ကိုစွန့်မည်လော။သင့်အား ငါဧကန်အမှန်ဆိုသည်ကားကြက်ဖမတွန်မီသင်သည် ငါ့ကိုသုံးကြိမ်ငြင်းပယ်ပြီးဖြစ်လိမ့်မည်ဟု ပြန်ဖြေတော်မူ၏။

Daily Reflection