Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-19 08:16:41

20.3.2024 – Wednesday of the 5th week of Lent
၂၀၂၄ ခုနှစ်  မတ်လ၊  ၂၀ ရက်- ဝါတွင်းကာလ ပဥ္စမသီတင်းပတ် - ဗုဒ္ဓဟူးနေ့
John 8:31-42 ရှင်ယောဟန် ၈:၃၁- ၄၂
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

သင်တို့သည် ငါ၏စကားအတိုင်းလိုက်နာကြလျှင် အမှန်ပင်ငါ ၏တပည့်များဖြစ်ကြ၏။ သင်တို့သည် သမ္မာတရားကိုသိကြလိမ့်မည်။ ထိုသမ္မာတရားသည်လည်း သင်တို့ကိုလွတ်လပ်စေလိမ့်မည်ဟု မိန့်တော်မူ၏။ ငါဧကန်အမှန်ဆိုသည်ကား အပြစ်ကျူးလွန်ကြသော သူတိုင်းသည် အပြစ်၏ ကျေးကျွန်ဖြစ်၏။ သင်တို့သည် ငါ၏စကားကိုလက်မခံနိုင်သောကြောင့် ငါ့ကိုသတ်ရန်ရှာကြံကြ၏။ဘုရားသခင်သည် သင်တို့၏ အဖဖြစ်လျှင်သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။အကြောင်းမူကား ငါသည် ဘုရားသခင်ထံတော်မှဖြစ်တည်ရောက်လာခဲ့ပြီ။ငါသည် ငါ၏အလိုဆန္ဒအလျောက်လာခဲ့သည်မဟုတ်။ကိုယ်တော် သည် ငါ့ကိုစေလွှတ်တော်မူခြင်းဖြစ်၏။ ရှင်ယောဟန် ၈:၃၁-၃၂, ၃၄, ၃၇, ၄၂#ထောက်ရှူချက်- မနေ့ကစျေးဝယ်သွားသည်။ စပျစ်သီး တစ်ပုံဘယ်လောက်လဲမေးကြည့်တော့ ဒီဘက်က တစ်ကီလို ၂၅၀ ရိုဘီ ဟိုဘက်က တစ်ကီလို ၃၂၅ ရိုဘီဟုဆို၏။(ရိုဘီဟူသည် အိန္ဒိယငွေအခေါ်အဝေါ်ဖြစ်သည်)။ ထိုနောက် ဘာကွာလည်းဟုမေးလိုက်ရာ သူက “ဒီဘက်ကအညာမကြွေသေးတော့လတ်ဆတ်တယ်။ ဟိုဘက်က အညာကြွေတာများလို့ပုပ်လွယ်လို့ပါ”ဟုရှင်းပြသည်။မှန်သည် ယနေ့ဧဝံဂေလိကျမ်းတွင် ခရစ်တော်သည် သူ၏မူလဇစ်မြစ် ဖြစ်တည်ခြင်းကိုအတိအလင်းပြောဆိုပြီး သူ့၌တည်နေရန်၊ အမြစ်တွယ်ရန် ဖိတ်ခေါ်သည်။ကျွန်ပ်တို့သည် ကျွန်ပ်တို့၏ မူလဇစ်မြစ်ဖြစ်သည့် ခရစ်တော်ကိုမသိ၊ နားရမလည်၊ လက်မခံလျှင် အညာကြွေ၍ ပုပ်လွယ်သော စပျစ်သီးကဲသို့ဖြစ်၍ တန်ဖိုးနှိမ့်လိမ့်မည်။ခရစ်တော်ကိုအမြစ်တွယ်၊ ဗဟိုပြုလျင်အညာှခိုင်၍ လောကဓံ၊စုံစမ်းခြင်းအားလုံးကို ခံနိုင်လျက်တန်ဖိုးရှိသူ၊ လွတ်လပ်ရာအမှန်တရားကို ရှာဖွေတွေ့ရှိသူဖြစ်လိမ့်မည်။ခရစ်တော်၌ အမြစ်တွယ်လျက် ဝိညာဉ်ခွန်အားရယူကာ ကျေးဇူးတော်၊ကောင်းကြီးတော်၌ ရှင်သန်ကြပါစေ။

Daily Reflection