Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-10-27 21:20:23
#28th October 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (လုကား ၆း ၁၂-၁၆)
#စစ္စတာရ် ရိုဇားဆီးလ်ဗီယာ (SFX)
posted by M. Su Latt Htwe
ဤနေ့သည် တပည့်တော်ကြီးဆိုင်မွန်နှင့်ဂျုဒ်တို့ကို ဂုဏ်ပြုသောနေ့ဖြစ်သည်။ သူတို့သည်တစ်ရာစုတွင် သခင်ယေဇူးနှင့်အတူ နေထိုင်ခဲ့သောတပည့်တော်များ ဖြစ်ကြပါသည်။ စီမုန်ကိုဇေလုပ်ခေါ် မျိုးချစ်စိတ်ပြင်းထန်သူ တိုင်းတပါးရောမ၏အုပ်စိုးမှုကို တော်လှန်လိုစိတ်ရှိသူဟုခေါ်ကြသည်။ တပည့်တော်စိန်ဂျုဒ်သည် ယာကုပ်၏ညီဝမ်းကွဲတော်သူဖြစ်ပါသည်။ သမိုင်းမှတ်တမ်းအရ ဤတပည့်နှစ်ပါးသည် ပါရှားဒေသတွင် ဧဝံဂေလိတရားဟောပြောနေစဉ် အသတ်ခံရသည်ဟုသိရပါသည်။ သခင်ခရစ်တော်၏တပည့်ဖြစ်လာရခြင်းသည် မိမိဖက်မှစိတ်ကြိုက်ရွေးယူလိုက်ခြင်းမဟုတ်ပါ။ ခရစ်တော် ဖက်မှ အစပြုဖိတ်ခေါ်ခြင်းသာဖြစ်ပါသည်။ တပည့်တော်ဘဝကိုရရှိခြင်းသည် ရပိုင်ခွင့်ရှိလို့ရနေခြင်းမဟုတ်ပါ။ အကျိုးတခုခုရရှိရန်အတွက်လည်း မဟုတ်ပါ။ ဘုရား၏လက်ဆောင်သက်သက်သာဖြစ်ပါသည်။ တပည့်တယောက်ရှိရမည့်အရည်အချင်းမှာ ဆရာသခင်ကို လုံးဝယုံကြည်ကိုးစားမှုရှိရမည်၊ ဘဝတခုလုံးကို ဘုရားသခင်၏လက်တော်ထဲ၌ ဆက်ကပ်အပ်နှံထားရမည်၊ ကိုယ်တော်၏အလိုတော်ကို လိုက်နာ ဆောင်ရွက်ရမှာဖြစ်ပါသည်။ ခေါ်တော်မူခြင်းခံရသောတပည့်တော်သည် အလွန်ကောင်းမြတ်ထူးချွန်သူများ မဟုတ်ပါ။ တပည့်တော်ကြီးဆိုင်မွန်ကိုကြည့်မည်ဆိုလျှင် မျိုးချစ်စိတ်တဖက်စွန်း ပြင်းပြသူဆိုသည့်ဂုဏ်ပုဒ်ပင် ရှိခဲ့သည်။ တပည့်တော်များ၏ဂုဏ်ပုဒ်တွေကို ကြည့်ခြင်း အားဖြင့် သူတို့သည် အပြစ်ကင်းစင်ပြီး ပြည့်ဝစုံလင်နေကြသူများမဟုတ်ပါ။ ခရစ်တော်၏တပည့်ဖြစ်လာရန် လုံး၀ပြည့်ဝစုံလင်နေသူ ဖြစ်စရာမလိုပါ။ သခင်ဘုရား၏အလိုတော်ကို လိုက်နာရန် အချိန်မရွေး အသင့်ရှိနေသောသူ၊ စိတ်အားထက်သန်မှုရှိသူ ဖြစ်ရန်သာလိုအပ်ပါသည်။ သခင်ခရစ်တော်သည် အလွန်အရေးကြီးလှသော သူ၏လုပ်ဖော်ဆောင်ဖက် တပည့်တော်များကို မရွေးကောက်မှီ တစ်ညလုံးဆုတောင်းခဲ့ပါသည်။ တပည့်တော်တို့ကို ရွေးကောက်လိုက်သောအခါ အမည်ကိုခေါ်လျှက် ရွေးကောက်လိုက်ပါသည်။ ခရစ်တော်သည် တပည့်တော်တို့၏ အားသာချက်နှင့်တကွ အားနည်းချက်ကိုပါ ကြိုတင်သိလျှက်နှင့် ရွေးကောက်လိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် တပည့်တော်ဘဝကိုရရှိခြင်းသည် ရပိုင်ခွင့်ရှိလို့အရွေးခံရခြင်းမဟုတ်ပါ။ အကျိုးတခုခုရရှိရန်အတွက်လည်း မဟုတ်ပါ။ ဘုရား၏လက်ဆောင်သက်သက်သာ ဖြစ်ပါသည်။
#စစ္စတာရ် ရိုဇားဆီးလ်ဗီယာ (SFX)
Daily Reflection