Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-30 06:49:37
#1 December 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (သံလုကား ၁၀း၂၂-၂၄)
#စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)
Posted by M. Su Latt Htwe

အာဒ်ဝင်တူးကာလသည် ဆင်းကြွလာမည့် ကယ်တင်ရှင်ကို ထိုက်ထိုက်တန်တန်နှင့် ကြိုဆိုနိုင်ဖို့ရန် ကျွန်ုပ်တို့ကိုယ်စီ ပြင်ဆင်ရသော အချိန်ဖြစ်သည်။ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ထိမ်ဝှက်ထားတော်မူလျှက် သူငယ်တို့အား ဖော်ပြတော်မူသည်ဟု ဧဝံဂလိကျမ်းစာတော်အတိုင်း ကျွန်ုပ်တို့သည် ကလေးဆန်ခြင်းတော့ မဟုတ်ပေ။

ကလေးငယ်သည် ဟန်ဆောင်ခြင်းမရှိ ပွင့်လင်းသည်၊ ရိုးသားသည်၊ ဖြူစင်သည်၊ ကလေးငယ်သည် မိမိ၏ဖခင်အပေါ် အပြည့်အဝ ယုံကြည်မှုရှိသည်။ အားကိုးသည်။ ချစ်ခင်သည်။ ဖခင်ရှိနေလျှင် အရာရာကို ရင်ဆိုင်ရဲသည်။ ကြောက်ရွံ့ခြင်း လုံးဝမရှိပေ။ ထိုကဲ့သို့ စိတ်နေစိတ်ထားမျိုးသည်လည်း ကျွန်ုပ်တို့၌ ရှိနေရပေမည်။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့ ယုံကြည်ရမည့်သူ ကျွန်ုပ်တို့အတွက် အားဖြစ်စေမည့် အကြည့်တစ်ချက် စကားတစ်ခွန်းကို ဟမည့်သူကဘယ်သူလဲ၊ သခင်ယေဇူးသာ ဖြစ်ပါတယ်။ သူ၏အကြည့်တစ်ချက်၊ စကားတစ်ခွန်းသည် ကျွန်ုပ်တို့ရင်ဆိုင်နေရသော အခက်ခဲများကို နှစ်သိမ့်ခြင်း ဖြစ်စေပါသည်။

ထို့ကြောင့် မိမိတို့ ဆက်ကပ်ကြသော ဘဝတိုင်းအတွက် အကောင်းဆုံး ဆက်ကပ်ရှင်သန်နေထိုင်ရင်း ဒုက္ခများနှင့် ရင်ဆိုင်နေရသောအခါများ၌ ကိုယ်တော်ရှင်၏ ငယ်သားကောင်းပီပီ စွန့်လွတ်၊ စွန့်စားသော ဘဝအသက်တာနှင့်အတူ အတူတူနေထိုင်ရှင်သန်သွားကြပါစို့။ မနေ့ကရရှိသော အတွေ့အကြုံနှင့် သင်ခန်းစာကို အသုံးပြုပြီး ဤယနေ့ရရှိသော သင်ခန်းစာကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ။ မနက်ဖြန်တိုင်း၏ စိန်ခေါ်မှုတိုင်းကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ဆက်ကပ်ထားသော သူတော်စင်ဘဝဖြစ်စေ၊ အိမ်ထောင်သည်ဘဝဖြစ်စေ၊ နည်းလမ်းမျိုးစုံနှင့် မိမိတို့ဘဝကို ဆက်ကပ်နေကြသော ပုဂ္ဂိုလ် ကောင်းမွန်ပြည့်စုံသော အဆုံးသတ်ပုဒ်မနှင့် အပြီးသတ်နိုင်ကြပါစေ။ တစ်ဦးချင်းစီတိုင်းအပေါ်၌ ဘုရားရှင်၏ ငြိမ်းချမ်းခြင်းမင်္ဂလာ သက်ရောက်ပါစေ။

 

စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)

 

Daily Reflection