Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-17 06:20:13
#18 November 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (ရှင်လုကား ၁၉း ၁၁-၂၈)
#စစ္စတာရ် ဖလော်ရီ (SPS)
Posted by M. Su Latt Htwe

ယနေ့ ဧဝံဂေလိကျမ်းသည် အပ်ထားသော ငွေဒင်္ဂါး၏ဥပမာ ပုံပြင်ဖြစ်သည်။ ထောက်ရှုချက်။
ဤပုံပမာထဲရှိ သခင်၏ငွေဒင်္ဂါးများ အပ်နှံခြင်းခံရသော အစေခံများကဲ့သို့ ဆေးကြောခြင်း မင်္ဂလာအားဖြင့် ဘုရား၏သားသမီး ဖြစ်လာကြသော ကျွန်ုပ်တို့ တစ်ဦးစီတိုင်းသည် ထူးမြတ်သော ဆုကျေးဇူး ပါရမီများကို ခံစားရရှိကြသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ တစ်ဦးစီတိုင်း၌ တစ်ပါး သူအတွက် အကျိုးပြုနိုင်မယ့် အရည်အချင်းများ ရှိကြပါသည်။ ဘုရားရှင် ပေးသနားသည့် ဤအရည်အချင်းများကို ကျွန်ုပ်တို့ အသက်ရှင်စဉ်အခါမှာ ကောင်းမွန်စွာ အသုံးချပြီး မိမိနှင့် အခြားသူများ၏ အသက်တာ၌ ဝိညာဉ်၊ ကာယ တိုးတက်စေရန် အသက်ရှင် နေထိုင်ပါသလော။ သို့တည်းမဟုတ် ကိုယ်တော်ရှင် ပေးသနားသည့် ပါရမီ ကျေးဇူးတော်များကို ကြောက်ရွံ့စိတ်များဖြင့် ဖုံးကွယ်ထားပြီး မသိကျိုးနွှံပြုကာ နေ့စဉ်အသက်တာ၌ ဘဝတိုးတက်မှုမရှိဘဲ အသက်ရှင် နေထိုင်ပါသလော။ သစ္စာတရားအားဖြင့် ကိုယ်တော်ရှင်၏ အစေခံကောင်းများဖြစ်နိုင်ရန် ဆုတောင်းကြပါစို့။

"အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လမ်းတော်များကို သိရှိရန် အကျွန်ုပ်အား ညွှန်ပြပေးတော်မှုပါ။ ကိုယ်တော်၏ လမ်းစဉ်ကို အကျွန်ုပ်အား သင်ကြားပေးတော်မှုပါ။ ကိုယ်တော်၏ သစ္စာ၊ သမ္မာတရားတော်၌ ကျွန်ုပ်ကို ဦးဆောင်၍ သွန်သင်တော်မူပါ။အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင် ဖြစ်တော်မူပါ၏" အာမင်။ (ဆာလံ ၂၅း၄-

 

#စစ္စတာရ် ဖလော်ရီ (SPS)

 

Daily Reflection