Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-15 07:40:48
#16 November 2020 Daily Reflection
#(ေန့စဉ်ထောက်ရှုချက်များ) (ရှင်လုကား ၁၈း ၃၅-၄၃)
#စစ္စတာရ် ဖလော်ရီ (SPS)
Posted by M. Su Latt Htwe

သခင်ခရစ်တော်သည် မိမိကိုယ်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြသော အပိုင်းဖြစ်သည်။ ကိုယ်တော်ရှင်၏ ဘ၀တွင် ဖုံးကွယ်နေသော ဘုရားအဖြစ်တော်ကို ဘုရားသခင် ကိုယ်တော်တိုင် ဗျာဒိတ်ပေး၍ ပြောပြမှသာလျှင် လူတို့သိရှိနိုင်ပြီး လူတို့ဖက်မှ ယုံကြည်ခြင်းဖြင့် လက်ခံကြရပေမည် ဤကျမ်းပိုဒ်တွင် ဖော်ပြထားသည့် ကုသမှုသည် ကျမ်းစာတော်မြတ်တွင် တွေ့ရမည့် သခင်ယေဇူး၏ နောက်ဆုံး ကုသမှုဖြစ်သည်။ ဤကုသမှုကို ဂျေရီခိုမြို့တွင် ပြုလုပ်ခဲ့သည်။ ကုသခံရသူ၏ အမည်မှာ ဘာတိမေဦး (သို့) တီမေဦး၏သားဟု ဖော်ပြထားပါသည်။ မျက်မမြင်များ မျက်စိအလင်း ရရှိမှုသည် မက်ဆီးယားသခင်၏ ခေတ်ကာလ ရောက်ရှိမှု အမှတ်လက္ခဏာ တစ်ခုဖြစ်သည်။ ( ဟေရှာယ ၃၅း၅) ဤကျမ်းပိုဒ်ရှိ ဘာတိမေဦး၏ အခြေအနေကို ပြန်သုံးသပ်ကြည့်လျှင် သူ၏ သခင်ခရစ်တော်နှင့် မတွေ့ ဆုံမည်အခြေအနေက မျက်စိမမြင်၊ ထိုင်ရသည်၊ လမ်းဘေး၌ ရှိနေသည်၊ သူတောင်းစားဘဝဖြင့် ထိုင်သည်။ သခင်ခရစ်တော်နှင့် တွေ့ပြီးနောက် သူသည် မျက်စိအလင်းကို ရရှိသည်။ သခင်ယေဇူး၏ နောက်တော်သို့ လိုက်လာသည်။ လမ်းပေါ်၌ လမ်းလျှောက်သည်၊ သခင်ယေဇူး၏ နောက်လိုက်တပည့် ဖြစ်လာသည်။ သခင်ခရစ်တော်သည် မျက်မမြင်များ၏ မျက်လုံးများကို ဖွင့်ပေးသကဲ့သို့ ကားတိုင်လမ်း အကြောင်းကို နားလည် သဘောပေါက်နိုင်ရန် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း မျက်စိကို ဖွင့်ပေးတော်မူခဲ့ပါသည်။ ဤကျေးဇူးတော် ယုံကြည်ခြင်းသည် ဘုရားရှင်၏ လက်ဆောင် ဖြစ်သကဲ့သို့ ကွန်ုပ်တို့ကိုယ်တိုင် ကျင့်ယူရမည့် အရာလည်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း အစဉ်ခိုင်မြဲစေရန် နေ့စဉ်ဘ၀အသက်တာတွင် "ဒါဝိတ်၏သားတော် ယေဇူး ကျွန်ုပ်ကို သနားတော်မှုပါဟု သခင်ယေဇူးထံ အသနားခံ ဆုတောင်းတတ်သူများ ဖြစ်နိုင်ဖို့ရန် ကြိုးစားသွားကြပါစို့။

#စစ္စတာရ် ဖလော်ရီ (SPS) 

Daily Reflection