Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-01-26 20:26:36

January 27, 3rd Week in ordinary Time, Monday.
Mark 3:22-30
သာမန်ကာလ တတိယ သီတင်းပတ် တနင်္လာန့။
မာကု ၃:၂၂-၃၀
Reflection by Fr.Tomas Zaw Lwin (OSM)

ခရစ်တော်ဘုရားရှင်ရဲ့အံ့ဖွယ်တန်ခိုးတွေကိုတွေ့တဲ့အခါသူ့ရဲ့ပရိတ်သတ်အများစုကမက်ဆီးယားအဖြစ်လက်ခံခဲ့ကြတယ်။ဒါပေမဲ့ခေါင်းမာတဲ့ဖာရှိရှဲတွေနှင့်ကျမ်းတတ်ဆရာများကခရစ်တော်မက်ဆီးယားဖြစ်တယ်ဆိုတာကိုလက်မခံရုံသာမဟုတ်ပဲနတ်ဆိုးခေါင်းဆောင်ဘဲလ်ဇေဘူးလ်ကိုအားကိုးပြီးနတ်ဆိုးတွေကိုနှင်ထုတ်တယ်ဆိုပြီးစွပ်စွဲပြစ်တင်ကြတယ်။နတ်ဆိုးဟာဘုရားနဲ့လူ၊လူသားအချင်းချင်းလည်းကွဲပြားမှုကိုဖြစ်စေတယ်။ဒါကြောင့်ခရစ်တော်ကပညာသားပါပါပဲသူကိုစွပ်စွဲသူတွေကိုအဖြေပေးခဲ့တယ်။ကျွန်ုပ်တို့ကိုလည်းမဟုတ်မမှန်အထောက်အထားမဲ့ စွပ်စွဲခံကြရတဲ့အခါ၊အပြစ်တင်ခံရတဲ့အခါဘယ်လိုမျိုးစိတ်ဓာတ်တွေနဲ့တုံ့ပြန်ကြသလဲ၊သူတို့ ကိုယ့်ကိုနားမလည်တိုင်းကိုယ်အားငယ်ဖို့မလိုဘူးဆိုတာကိုခရစ်တော်ဘုရားရှင်ဆီကသင်ယူကြရအောင်။

 

Daily Reflection