3 rd Sunday in Ordinary Time.
Luke 1:1-4, 4:14-21
သာမန် တနင်္ဂနွ သတိယသီတင်းပတ်
လုကာ ၁:၁-၄, ၄: ၁၄-၂၁
Reflection by Fr.Tomas Zaw Lwin (OSM)
လူသားတွေအတွက်ဘုရားရှင်ပေးခဲ့တဲ့လက်ဆောင်တွေထဲမှာအကောင်းဆုံး၊အမွန်မြတ်ဆုံးလက်ဆောင်ကကျမ်းစာပဲဖြစ်တယ်ဆိုပြီး”Abraham Lingcon ပြောဆိုခဲ့တယ်။ဒီတစ်ပတ်ကျမ်းစာတွေကဘုရားရှင်ရဲ့နှုတ်ကပါတ်တော်ကျမ်းစာအရေးကြီးပုံ၊အဓိကကျပုံကိုစဉ်းစားထောက်ရှုဖို့ ဖိတ်ခေါ်တယ်။ဒီနေ့ ပထမကျမ်းစာထဲမှာရဟန်းယဇ်ပရောဟိတ် ဧဇရ(Ezeya)လူတွေရှေ့မှာ ကျမ်းစာတော်မြတ်ကိုဖွင့်ပြီး ဖတ်ရှုတဲ့အခါလူတွေအားလုံးအရိုအသေပေးပြီး သေချာစွာ နားထောင်ခဲ့ကြတယ်။ ဧဝံဂေလိ ကျမ်းစာထဲမှာ ခရစ်တော်ကလည်း ကျမ်းစာတော်မြတ်ကို ဖတ်ရှုပြီး လွတ်မြောက်ခြင်းသတင်းကောင်းကို ဟောတဲ့အခါ လူတွေက အံ့ဩစွာ နားစွင့်ခဲ့ကြတယ်။ ဒါကြောင့် ကျမ်းစာက အသက်ပေးတဲ့ ဘုရားရဲ့နှုတ်ကပါတ်တော်နှင့် ဘဝရဲ့ မီးအိမ်ရှင်ဖြစ်တယ်ဆိုတာကို နှလုံးသွင်းရင်း ကျမ်းစာကို နေ့စဉ်ဘဝသက်တာ၌ အားကိုသူတွေဖြစ်ဖို့ ကြိုးစားပါစို့။