January 24 Second Week in ordinary Time Friday.
Mark 3:13-19
သာမန်ကာလ ဒုတိယသီတင်းပတ် သောကြာနေ့။
မာကု ၃:၁၃-၁၉
Reflection by Fr.Tomas Zaw Lwin (OSM)
ခရစ်တော်ဘုရားရှင်ကသူနှစ်သက်တဲ့လူတွေကိုရွေးချယ်ခဲ့တယ်။တပည့်တော်ကြီးတွေကိုရွေးချယ်ရာတွင်အကောင်းဆုံး၊အရည်အချင်းရှိဆုံး၊ဆွဲဆောင်မူအရှိဆုံး၊အထက်မြတ်ဆုံး၊အသိုင်းအဝိုင်းမှာအကျော်ကြားဆုံးပုဂ္ဂိုလ်တွေကိုရွေးချယ်တာမဟုတ်ဘူး။များသောအားဖြင့်သာမန်စာမတတ်သူတွေ၊လက်လုပ်လက်စားတွေ၊ဆင်းရဲသောသူတွေ၊အပြစ်သားတွေ၊ငါးဖမ်းတဲ့တံငါသည်တွေပဲ။တပည့်တော်ကြီးတွေကလည်းခရစ်တော်နောက်လိုက်ရင်ခေါင်းချစရာနေရာမရှိ၊ကြမ်းတမ်းတဲ့စိန်ခေါ်မူတွေပြည့်ဝတဲ့ဘဝကိုဖြတ်သန်းရမယ်ဆိုတာသိတယ်။ဒါကြောင့်ခရစ်တော်ပြောတဲ့အတိုင်း“ငါသည်သင်တို့ကိုရွေးကောက်ခဲ့ခြင်းဖြစ်ပြီး၊သင်တို့သည်ငါ့ကိုရွေးကောက်ခဲ့ကြသည်မဟုတ်"ဆိုတာကိုနားလည်ပြီးသစ္စာရှိတဲ့တမန်တော်ကြီးအဖြစ်သက်သေခံခဲ့ကြတယ်။