23 January 2025 ordinary weekday, Thursday
Mark 3:7-12
သာမန်ကာလ ဒုတိယသီတင်းပတ် ကြာသပတေးနေ့။
မာကု ၃း၇-၁၂
Reflection by Fr.Tomas Zaw lwin (OSM)
ဒီကနေ့ ကျမ်းစာပိုဒ်လေးကခရစ်တော်ဘယ်လောက်ထိ ကျော်ကြားလာခဲ့သလဲဆိုတာကိုအထူးသဖြင့် လူနာကုသမူတွေ၊နတ်ဆိုးတွေကိုနှင်ထုတ်ခဲ့တဲ့အခါတွေ၊ဂါလေလိယပြည်ကျော်လွန်ပြီးတော့တောင်လူတွေကစုဝေးကြတယ်။ခရစ်တော်က သူ့ဆီလာတဲ့သူတွေရဲ့ရောဂါကိုကုသပေးရုံသာမကတစ်ချိန်ထဲမှာကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့တရားတွေနှင့် ကယ်တင်ခြင်းသတင်းကောင်းတွေကိုလည်း သွန်သင်ပေးတယ်။ ဒါပေမဲ့လူတွေက ခရစ်တော်ကိုသူတို့ရဲ့ လိုအပ်မှုတွေအတွက်ပဲရှာခဲ့ကြတယ်။“သင်တို့သည် တန်ခိုးလက္ခာတွေကို မြင်ကြရသောကြောင့်မဟုတ်ပေါင်မုန့်ကိုစားလို့ဝသောကြောင့်သာငါ့ကိုရှာကြ၏"(ယောဟန် ၆း၂၆)။ တကယ်တော့ခရစ်တော်နှင့်တွေဆုံခြင်းကနေအပြစ်ပြောင်းလဲခြင်းနဲ့ အကျင့်ပြောင်းလဲခြင်းတွေရရှိပိုင်ဆိုင်နိုင်ဖို့လိုအပ်ပါတယ်။ I