Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-01-10 22:47:32

January 11 Reading after Epiphany Saturday
John 3:22-30
မင်သုံးပါးပွဲပြီးနောက် စနေနေ့
ယောဟန် ၃း၂၂-၃၀
Reflection by Fr.Tomas Zaw Lwin (OSM)



ကိုယ်တော်သည်တိုးတက်ရမည်။ငါမူကားဆုတ်ယုတ်ရမည်။ခရစ်တော်နှင့်ယောဟန်ဗတ္တိစတားတို့ကဂျူးဒေယနယ်အနီးတဝိုက်သူတို့ရဲ့တပည့်တော်များနှင့်ဆေးကြောခြင်းပေးနေကြတယ်။အဲဒီ့အချိန်မှာယောဟန်ရဲ့တပည့်များကခရစ်တော်ကလည်းတစ်ခြားတဖက်မှာဆေးကြောခြင်းပေးနေကြောင်းကိုယောဟန်ထံလာပြောကြတယ်။ယောဟန်ဗတ္တိစတားကလည်းသူရဲ့ကြွလာခြင်းက ခရစ်တော်မက်ဆီးယားကို ညွှန်ပြရန်သာဖြစ်တယ်။သူကခရစ်တော်မဟုတ်ကြောင်းကိုရိုးသားစွာဝန်ခံတယ်။ပြီးတော့ခရစ်တော်၏လမ်းစဉ်ကိုပြင်ဆင်ရန်သာကြွလာသောသူဖြစ်တယ်။ ကယ်တင်ရှင်ခရစ်တော်ကိုတွေ့ဆုံခြင်းနှင့်သူရဲ့အသံကိုကြားရခြင်းကိုကသူအတွက်ဝမ်းမြောက်စရာဖြစ်တယ်ဆိုတာကိုလည်းယောဟန်ဗတ္တိစတားကဝန်ခံတယ်။ခရစ်တော်ကတိုးတက်ရမည်။သူကတော့ ဆုတ်ယုတ်ရမည်ဆိုပြီးလည်း မာနကို ခဝါချပြီး နှိမ့်ချခြင်းနဲ့ ဆက်ကပ်ခြင်းက အတုယူစရာဖြစ်တယ်။

Daily Reflection