Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-01-09 03:29:10
January 10 Reading after Epiphany Friday
Luke 5: 12-16
မင်သုံးပါးပွဲပြီးနောက် သောကြာနေ့
လုကာ ၅း ၁၂-၁၆
Reflection by Fr.Tomas Zaw Lwin (OSM)

 

အရေပြားရောဂါသည်တွေကိုဂျူးလူမျိုးတွေရဲ့အသိုင်းဝိုင်းတွေကအင်မတန်မှအထင်သေးကြတယ်။မျက်ကွယ်ပြုကြတယ်။များသောအားဖြင့် အနာကြီးရောဂါခံစားရသူတွေကဘုရားရှင်ရဲ့ပြစ်ဒဏ်ခံရတယ်လို့ပြောဆိုပြစ်တင်ရှုပ်ချကြတယ်။သူတို့ဘဝကလူဖြစ်ရရှုံးသလိုထင်ရတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့ကလူသူကင်းတဲ့နေရာမှာအပယ်ခံတွေလိုနေကြရတယ်။ဒါပေမဲ့ဒီနေ့ဧဝံဂလိကျမ်းစာထဲမှာအနာကြီးရောဂါသည်ကခရစ်တော်နှင့်တွေ့ဆုံခွင့်ရတဲ့အခါမှာနှိမ့်ချခြင်းနဲ့ပျပ်ဝပ်လျှက်ခရစ်တော်ကိုချဉ်းကပ်လာတဲ့အခါခရစ်တော်ကသူရဲ့ရောဂါကိုကုသပေးခဲ့တယ်။ခရစ်တော်ကလူကိုလူလို့ တန်ဖိုးထားတယ်။ကျွန်ုပ်တို့ကိုလည်းလူကိုလူလိုမြင်ဖို့နှင့်လူသားတိုင်းကိုတန်ဖိုးထားဖို့သွန်သင်ပေးတယ်။

 

Daily Reflection