Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-01-08 08:02:13

January 9 Reading after Epiphany Wednesday
Luke 4:14-22
မင်သုံးပါးပွဲပြီးနောက် ကြာသပတေးနေ့
လုကာ ၄း၁၄-၂၂
Reflection by Fr.Tomas Zaw Lwin (OSM)

 

ခရစ်တော်ကတောကန္တရမှာရက်ပေါင်း၄၀တိုင်တိုင်အစာရှောင်ပြီးဝိညာဉ်တော်၏တန်ခိုးနှင့်ပြည့်ဝလျက်ဂါလေလိယနယ်ကိုပြန်လာခဲ့တယ်။နာဇရက်မြိုရဲ့တရားဇရပ်မှာပရောဖက်အီဇရာရဲ့ကျမ်းကိုပေးခံရတဲ့အခါသူရဲ့ကြွလာခြင်းနှင့်ကယ်တင်ခြင်းလုပ်ငန်းလုပ်ဆောင်ရမည့်အချက်များကိုအရှင်းဆုံးအတိအလင်းလူတွေအားလုံးရှေ့မှာကြွေးကြော်ခဲ့တယ်။ခရစ်တော်ဘုရားရှင်ဤလောကသို့ ကြွလာခြင်းရဲ့ ရည်ရွယ်ချက်က ဆင်းရဲသားတွေကို ဝမ်းမြောက်စရာသတင်းကိုပေးရန်၊ချူပ်နှောင်ခံရသောသူတို့ကားလွတ်မြောက်ခြင်းကိုကြေငြာရန်၊မျက်စိမမြင်သောသူတွေမျက်စိအလင်းကိုပေးရန်၊ဖိနှိပ်ခံရသောသူတို့အားကယ်တင်ခြင်းငှာလာရောက်ခြင်းဖြစ်တယ်ဆိုတာကို ခရစ်တော်ပွင့်လင်းစွာပြောခဲ့တယ်။သူ့ဘဝတစ်ခုလုံးလည်းဆင်းရဲသားတွေအတွကသတင်းကောင်း ဖြစ်စေခဲ့တယ်။ဒါကြောင့်ခရစ်တော်ကသူရဲ့သာသနာပြုခြင်း အစမှာကတည်းကဝိညာဉ်တော်နဲ့ပြည့်ဝပြီးအများအကျိုးပြုခဲ့သလိုကျွန်ုပ်တို့လည်းဝိညာဉ်တော်နှင့်ပြည့်ဝပြီး အများအတွက်သတင်းကောင်းဖြစ်ကြပါစို့။

 

Daily Reflection