Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-14 08:06:25

15.3.2024 – Friday, Week 4th of Lent. St. Zachary
၁၅ မတ်လ၊ ဝါတွင်းကာလ စတုတ္ထသီတင်းပတ် - သောကြာနေ့
John 7:1-2, 10 25-30 - ရှင်ယောဟန် ၇း၁-၂, ၁၀,၂၅-၃၀
Reflection by Sr. Christine Dah, RGS
Posted by Sr. Benedetta Myat Hnin Nwe (ISR)  

ထိုအခါ ဂျေရုဆလင်မြို့သားအချို့ကဤသူသည်ကား သူတို့သတ်ရန် ရှာကြံနေကြသောသူ မဟုတ်ပါလော။ ကြည့်လော့၊သူသည် ဤနေရာ၌ပင်အထင်အရှားဟောပြောသွန်သင်လျက်နေ၏။ မည်သူကမျှ သူ့ကိုပြောဆိုခြင်းမရှိပါတကား။ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကိုအာဏာပိုင်တို့သည် အမှန်ပင်သိရှိကြပြီလော။ ဤသို့ဖြင့်ယေဇူးသည် ဗိမာန်တော်ထဲ၌သွန်သင်လျက်ရှိစဉ် ကြွေးကြော်တော်မူသည်ကား သင်တို့သည် ငါ့ကိုသိကြ၏။ ငါမည်သည့်အရပ်ကလာသည်ကိုလည်း  သင်တို့သိကြ၏။ သို့သော် ငါသည်ကိုယ့်အလိုဆန္ဒအလျောက်လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူသည် ဖြောင့်မှန်တော်မူ၏။ ထိုသူကိုသင်တို့မသိကြ။ ငါသည်သူ့ကိုသိ၏။ အကြောင်းမူကား ငါသည်သူ့ထံမှလာ၍ သူသည်လည်း ငါ့ကိုစေလွှတ်ခဲ့၏ ဟု မိန့်တော်မူ၏။ ရှင်ယောဟန် ၇:၂၅-၂၆, ၂၈-၂၉#ထောက်ရှုချက်*သိုးထိန်းကိုမသိလျင်သိုးတို့သည် ဖရိုဖရဲဖြစ်မည်။ ယနေ့ကျမ်းစာတွင်ဂျေရုဇလင်မြို့သားတို့သည်ခရစ်တော်ယေဇူးကိုမြင်သောအခါ အမှန်တကယ်မသိနားမလည် ဇဝေဇဝါ စိတ်ရှုပ်တဲ့သဘောရှိသည်။လူတယောက်ကိုအပေါ်ယံမျှသာသိလျှင်ချစ်ခြင်းမေတ္တာသည်လည်း အပေါ်ယံဆန်မည်။ လူတစ်ယောက်၏ တန်ဖိုးထားမှု၊ယုံကြည်ချက်ခံယူမှုတို့ကိုနားလည်သိရှိမှသာလျှင်အပြန်အလှန်လေးစားတန်ဖိုးထားမှုနက်နဲမည်။ ခရစ်တော်ကိုလေးနက်တန်ဖိုးထားမှသာလျှင်ခရစ်တော်ပိုင်ဆိုင်ထားသော ငြိမ်းချမ်းမှု၊ပျော်ရွှင်မှုတို့ပိုင်ဆိုင်ရမည်ဖြစ်သည်။

Daily Reflection