Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-12 08:27:14

13.3.2024 – Wednesday of the 4th week of Lent
၂၀၂၄ ခုနှစ်  မတ်လ၊ ၁၃ ရက်- ဝါတွင်းကာလ စတုတ္ထသီတင်းပတ် - ဗုဒ္ဓဟူးနေ့
John 5: 17-30 - ရှင်ယောဟန် ၅း၁၇-၃၀
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

 အကြောင်းမူကား ခမည်းတော်သည် သားတော်ကိုချစ်တော်မူသောကြောင့်မိမိကိုယ်တော်တိုင်ပြုတော်မူသမျှကိုသားတော်အားပြတော်မူ၏။ ခမည်းတော်သည်မည်သူ့ကိုမျှတရားစီရင်တော်မမူ သို့သော် ကိုယ်တော်သည် တရားစီရင်ပိုင်ခွင့်ရှိသမျှကို သားတော်အားပေးတော်မူ၏။ ဤသို့ဖြင့် ခပ်သိမ်းသောသူတို့သည် ခမည်းတော်ကိုရိုသေသကဲ့သို့ပင် သားတော်ကိုလည်း ရိုသေကြရမည်ဖြစ်၏။ သားတော်ကိုမရိုသေသော သူသည်သူ့အားစေလွှတ်တော်မူသော ခမည်းတော်ကိုမရိုသေ။ရှင်ယောဟန် ၅:၁၉-၂၃#ထောက်ရှုချက်-ခလေးတစ်ယောက်က ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကိုမေးသည်။ ဘုရားသခင်က ကမ္ဘာကြီးမဖန်ဆင်းခင်မှာဘာတွေလုပ်နေလဲတဲ့။ ပုပ်ဖရန်းစစ်က“သူချစ်နေသည်”ဟုပြန်ဖြေသည်။ မှန်သည်လုပ်ဆောင်မှုတိုင်း၏ မူလအစသည်ချစ်ခြင်း၏ တွန်းအားကြောင့်ဖြစ်သည်။၎င်းသည်အပ်နှံခြင်းဖြစ်သည်။ပထမကျမ်းတွင် ဘုရားအချစ်ကို မိခင်တစ်ယောက်မည်သည့်အရာမျှ သူ့ခလေးကို မေ့ပစ်မထားသကဲသို့တင်စားသည်။ ဧဝံဂေလိကျမ်းတွင် ခရစ်တော်နှင့်ခမည်းတော်ဆက်နွယ်မှုသည် တထပ်တည်းကျသည်ကိုဖော်ပြသည်။ အပြန်အလှန် အပ်နှံပတ်သက်လုပ်ဆောင်မှုကိုဖော်ပြသည်။ခေါ်တော်မူခြင်းဟုဆိုရာ၌ရဟန်းသီလရှင်အဖြစ်ခေါ်ခြင်းသာမဟုတ်။ ဆေးကြောခြင်းခံသူတိုင်းတွင် မတူညီသော ခေါ်တော်မူခြင်းခံရသည်။ အရေးကြီးသည်မှာမည်သည့်ခေါ်တော်မူခြင်းမျိုးမဆို ချစ်ခြင်းဖြင့်အပြန်အလှန်အပ်နှံလုပ်ဆောင် ရှင်သန်ရန်ဖြစ်သည်။ ဤဝါတွင်းကာလတွင် ထောက်ရှုလေ့ရှိသော ကျမ်းဖြစ်သည့်“ငါသည်ယဇ်ပူဇော်ခြင်းကိုအလိုရှိသည်မဟုတ်။ကရုဏာမေတ္တာတော်ကိုအလိုရှိသည်”။ဟောရှာအနာဂတ်တိကျမ်းတွင်ဆိုသည့်အတိုင်း ခရစ်တော်၏ချစ်ခြင်းကို ဤလောကတွင်ပုံဖော်နိုင်ရန် လိုအပ်သောကျေးဇူးတော်များတောင်းလျောက်ရှင်သန်ကြပါစို့။

Daily Reflection