Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-10 09:41:52

11.3.2024 – Monday of the 4th week of Lent
၂၀၂၄ ခုနှစ်  မတ်လ၊  ၁၁ ရက်- ဝါတွင်းကာလ စတုတ္ထသီတင်းပတ် - တနင်္လာနေ့
John 4: 43-54  - ရှင်ယောဟန် ၄း၄၃-၅၄
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

အမတ်ကလည်း သခင်၊အကျွန်ုပ်၏သားမသေမီကြွလာတော်မူပါဟု ကိုယ်တော်အားလျှောက်လေ၏။ ယေဇူးကသွားလော့၊သင်၏ သားအသက်ချမ်းသာရလိမ့်မည်ဟု သူ့အားမိန့်တော်မူလျှင် သူသည် မိမိအားကိုယ်တော်မိန့်တော်မူသော စကားကိုယုံကြည်လျက် ပြန်သွားလေ၏။သူသည် ပြန်သွားစဉ် သူ၏အစေခံများ နှင့် ဆုံမိရာထိုသူတို့ကသူ၏ သားတော်ချမ်းသာရာရကြောင်းကိုသူ့အား ပြောကြားကြ၏။ရှင်ယောဟန် ၄:၄၉-၅၁#ထောက်ရှု့ချက် ဘယ်မိဘမဆို သားသမီးနှင့်ပတ်သက်ရင်အရူးမီးဝန်းဝိုင်းပမာ စိတ်သောကရောက်ကြသည်။ရေနစ်နေသောအချိန်တွင်နီးစပ်ရာ ကောက်ရိုးတမျှင်ကို ဆွဲရဆွဲရအမိအရဆွဲမည်။ ထိုဆွဲယူမှုသည်ယုံကြည်မှုတစ်ခုကြောင့်ဖြစ်သည်။ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီအကျဉ်းထောင်နံရံ၌ ထင်ကျန်ခဲ့သောဆုတောင်းမှုတစ်ခုမှာ“အကျဉ်းစခန်းမှာနေမသာပေမဲ့နေမင်းကြီးရှိတယ်ဆိုတာငါယုံကြည်တယ်။ အချစ်မခံရသော်လည်း အချစ်ရှိတယ်ဆိုတာ ယုံကြည်တယ်။ ဘုရားသခင်ဟာ ခုချိန်ထိ တိတ်ဆိတ်နေပေမဲ့ သူရှိနေတယ်ဆိုတာ ကျွန်ုပ်ယုံကြည်တယ်”ဟုတွေ့ရသည်။မီးဝိုင်းများကြား နေ့စဉ်ရှင်သန်နေရသောအသက်တာမှာ အမတ်ကြီးကဲ့သို့ နှိမ့်ချသောစိတ်၊ရိုးရှင်းသောစိတ်ဖြင့် ကောက်ရိုးမဟုတ် တန်ခိုးရှင်ကိုဖမ်းဆုပ်အားကိုးတတ်ဖို့လိုသည်။ မဟတ္တမဂန္ဓီက“ဆုတောင်းခြင်းနှင့် ယုံကြည်မှုမပါသောအလုပ်သည် ရနံ့မပါသောပန်းအတုနှင့်တူသည်”ဟုဆိုသည်။ယုံကြည်ခြင်း၌ရှင်သန်ကြပါစို့။

Daily Reflection