Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-07 04:42:34

8.3.2024 – Friday of the 3rd week of Lent
၂၀၂၄ ခုနှစ်  မတ်လ၊ ၈ ရက်- ဝါတွင်းကာလ တတိယသီတင်းပတ် - သောကြာနေ့
Mark 12: 28-34  - ရှင်မာကု ၁၂း၂၈-၃၄
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ယေဇူးကလည်းအကြီးမြတ်ဆုံးသောပညတ်တော်သည်ကားသင်၏အရှင်ဘုရားသခင်ကိုသင်၏ နှလုံးအကြွင်းမဲ့စိတ်အားရှိသမျှ၊ ဉာဏ်အားရှိသမျှ၊ ခွန်အားရှိသမျှချစ်လော့။ ဒုတိယပညတ်သည်ကား သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့။ ရှင်မာကု ၁၂:၂၉-၃၁#ထောင်ရှုချက်အချစ်တို့ဖြင့် ဖန်ဆင်းထားသောစိတ်ဝိညာဉ်သည် မချစ်ရဘဲမနေနိုင်။ တစ်စုံတစ်ခု ချစ်နေရရန်ဖြစ်သည်”။ St. Catherine of Siena ခရစ်တော်ကလွတ်လပ်စွာချစ်နိုင်ရန်၊ အတိုင်းမဲ့၊ အနှိုင်းမဲ့ချစ်ကြရန်ဖိတ်ခေါ်သည်။ ထိုအချစ်မှာနီးစပ်သူကိုချစ်ရန် ဘုရားကိုချစ်ရန် ဖြစ်သည်။“ဘုရားကိုမချစ်ဘဲ နီးစပ်သူကိုမချစ်နိုင်ပါ။ နီးစပ်သူကိုမချစ်ဘဲဘုရားကိုမချစ်နိုင်ပါ”။ Pope Benedict -ထိုအချစ်နှစ်ခုသည် မျဉ်းပြိုင်နှစ်ကြောင်း၊ ခေါင်းနှင့်ပန်းတို့ဖြင့်ပြုလုပ်ထားသောအကြွေစေ့နှင့်တူသည်။ နီးစပ်သူကိုချစ်နိုင်ရန်၊ မိမိနှင့်မတူဆန်ကျင်ကွဲပြားသူများကို ချစ်နိုင်ရန်အတွက် “Christlikeness”ခရစ်တော်နှင့်တူသော ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဝိညာဉ် ရှိမှသာလျှင် ချစ်နိုင်ရန်ဖြစ်သည်။သို့ဖြင့်ကျေးဇူးတော်များ တနေ့တခြားပိုမိုခံစားရယူရန်ခရစ်တော်ပုံတူသူဖြစ်လာရန် ကျေးဇူးတော်တောင်းလျှောက်ကြပါစို့။

Daily Reflection