Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-06 06:54:30

7.3.2024 – Thursday of the 3rd week of Lent
၂၀၂၄ ခုနှစ်  မတ်လ၊ ၇ ရက်- ဝါတွင်းကာလ တတိယသီတင်းပတ် - ကြာသပတေးနေ့
Luke 11: 14-23 - ရှင်လုကာ ၁၁:၁၄-၂၃
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ကိုယ်တော်သည် ဆွံ့စေသောသူအား နတ်ဆိုးကိုနှင်ထုတ်တော်ပေးတော်မူသဖြင့်ထိုသူသည် စကားပြန်ပြောနိုင်လေ၏။ ထိုနောက် မိန့်တော်မူသည်ကားမည်သည့်တိုင်း နိုင်ငံမဆိုမိမိအတွင်း၌ စိတ်ဝမ်းကွဲပြားခြင်းရှိလျှင်ပြိုကွဲပျက်စီးလိမ့်မည်။အိမ်ထောင်စုသည်လည်းအတွင်း၌ မသင့်မတင့်ဖြစ်ပါက ပြိုကွဲပျက်စီးလိမ့်မည်။ ခွန်အားကြီးသူတစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် မိမိအိမ်ကိုစောင့်ရှောက်လျှင်သူ၏ဥစ္စာပစ္စည်းတို့သည်လုံခြုံစွာရှိ၏။သို့သော် သူ့ထက်ခွန်အားကြီးသူပေါ်လာသောအခါ သူ့ကိုတိုက်ခိုက်အနိုင်ယူ၍သူအားထားသောလက်နက်တန်ဆာတို့ကိုယူပြီးလျှင်သိမ်းဆည်းရမိသောပစ္စည်းတို့ကိုခွဲဝေယူလိမ့်မည်။ ငါ့ဘက်၌မရှိသော သူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုသိမ်းသောသူသည် ကြဲဖြန့်သူဖြစ်၏။ ရှင်လုကာ ၁၁:၁၄, ၁၇, ၂၁-၂၃#ထောက်ရှု့ချက်-နတ်ဆိုးပုံရိပ်ကို ကမ္ဘာ့နာမည်ကြီး ပန်းချီ၊ပန်းပုဆရာမိုယ်ကယ်အန်ဂျေလူးက အမြည်း ဦးချိုတပ်ပေးသည်။ အသင်းတော်တွေမူ မိမိကိုယ်ကိုယ် မာနထောင်လွား ဘဝင်မြင့်၍ဘုရားကိုအံတုရာမှကျရှုံးသူဟုဆိုသည်။ဒီနေ့ ဧဝံဂေလိတရားတွင်ခရစ်တော်က နတ်ဆိုးဟူသည်မိမိတို့အချင်းချင်း၌ စိတ်ဝမ်းကွဲကြားခြင်း၊ပြိုဖျက်ခြင်း၊ကြဲဖြန့်စေခြင်း၊မသင့်မတင့်ဖြစ်ခြင်း၊ ကွဲပြားစေခြင်း၊ လက်နက်တန်ဆာတို့ဖြင့် ဥစွာစုစည်းခြင်းသည် နတ်ဆိုးဖြစ်ကြောင်းဖော်ဆောင်သည်။ပိုင်းခြားမှု ကြီးမားလေ ကွဲပြားမှုများပြားလေဖြစ်သည်။ လွန်ဆွဲမှုကြီးမားလေ ဆုံးရှုံးမှုကြီးမားလေဖြစ်သည်။ ကျန်းမာရေး၊ စည်းစိမ်ဥစွာဆုံးရှုံးလျင်ထက်ဝက်မျှသာ ဆုံးရှုံးသည်။ ကိုယ်ကျင့်တရားဆုံးရှုံးလျင် အားလုံးဆုံးရှုံးသည် ဟုပညာရှိကဆိုသည်။ယနေ့ ဂီတသံစဉ်လိုင်းကြားကဗျာဆန်သော လူငယ်တို့သည်လူလူချင်းသတ်ရဲဖြတ်ရဲကြကုန်သည်။ ဤသည်ကာ ဘက်လိုက်ခြင်းမဟုတ်အလုံးစုံ ဆုံးရှူံးနေရသည်ကိုမျက်ကွယ်ပြု၊ကိုယ်လှေကိုယ်ထိုး၊ ကိုယ့်မင်းကိုယ်တည်၊ကိုယ်ခြေပေါ်ကိုယ်ရပ် ရုန်းကန်နေရသည်မှာခြေကုန်လက်ပန်းကျနေရသည်။ အပြစ်မဲ့ခလေးတို့မြေဇာပင်ဖြစ်ရသည်။ခရစ်တော်၏ သမ္မာတရား၌တည်လျက် စုစည်းသူ၊တည်ဆောက်သူ၊ငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်ခြင်းဖြင့်ဤလောက ကောင်းကင်နိုင်ငံတော်တည်ထူသူဖြစ်နိုင်ကြပါစေ။May Peace be with you all.

Daily Reflection