Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-10-25 07:49:28
26 October 2026 Monday

30th Week in Ordinary Time

Luke 13: 10 -17

Reflection by Sr. Clara Thant Zin, SCCG ( Sisters of Charity )

Posted by Sr. Maria Ni Ni, MSP

 

ဒီနေ့ရဲ့သမ္မာကျမ်းစာထဲမှာ၁၈နှစ်လုံးလုံးနတ်ဆိုးရဲ့နှောင်ဖွဲ့ခြင်းခံနေရတဲ့အမျိုးသမီးအကြောင်းကိုထောက်ရှုကြည့်ကြရအောင်။နှစ်ပေါင်းတော်တော်ကြာကြာခံစားနေရတဲ့‌ဝေဒနာရှင်တစ်ယောက်ဖြစ်တယ်။သူမဟာခါးကို ဖြောင့်ဖြောင့်မသွားနိုင်သလိုတစ်ပါးသူကိုလည်းမော့ကြည့်ရတဲ့အခြေအနေနှင့်ရင်ဆိုင်နေခဲ့ရတယ်။သူမဟာဒီလိုမျိုးခံစားနေရတာကိုဘုရားရှင်က သိတဲ့အခါသူမကိုသနားပြီးကုသပေးခဲ့တယ်။ကျွန်ုပ်တို့ရဲ့ဘဝမှာလည်းဒီလိုမျိုးနတ်ဆိုးရဲ့နှောင်ဖွဲ့ခြင်းဝေဒနာတွေကိုနေ့စဉ်နှင့်အမျှခံစားနေရပါတယ်။အမျိုးသမီးဟာသူမကိုသခင်ယေဇူးတွေ့အောင်သူမဟာတရားဇရပ်ကိုသွားပြီးဘုရားသခင်ရဲ့စကားကိုနားထောင်ပါတယ်။ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့ဘဝအသက်တာမှာလည်းဘုရားသခင်ဆီကိုချဉ်းကပ်ရမှာဖြစ်ပါတယ်။သို့မှသာဘုရားသခင်ရဲ့ဂရုဏာနှင့်ကုသခြင်းကျေးဇူးကိုခံစားရမှာဖြစ်ပါတယ်။

Daily Reflection