24 October 2026 Saturday
29th Week in Ordinary Time
Luke 13: 1 - 9
Reflection by Sr. Carmella, SCCG ( Sisters of Charity )
Posted by Sr. Maria Ni Ni, MSP
A heart that please God
ကျွန်ပ်တို့တစ်ဦးစီထံမှဘုရားသခင် အလိုချင်ဆုံးသောအရာကဘာဖြစ်နိုင်သလဲ? "မိမိအမှားအတွက်နောင်တရပြီး နှိမ့်ချခြင်းဖြင့်သခင့်ဆီကိုပြန်တိုးဝင်နိုင်တဲ့ ရဲရင့်သောနှလုံးသား "တစ်စုံသာဖြစ်တယ်။ဟိုလူကဘာဖြစ်တယ်၊ဒီလူကဘာဖြစ်တယ်၊ဒီအတိုင်းဆိုရင်သူကဘာဖြစ်နိုင်တယ်။ဘာဖြစ်သင့်တယ်ဆိုပြီး တပါးသူကိုအလွယ်တကူပြစ်တင် ဝေဖန်ဆုံးဖြတ်တတ်ကြတာကျွန်ပ်တို့ရဲ့သဘာဝဖြစ်တယ်။ဒီကနေ့ ဘုရားသခင်အလိုရှိတာကတပါးသူရဲ့ မပြည့်စုံခြင်းတွေကိုအလွယ်တကူဝေဖန်တတ်တဲ့နုတ်ခမ်း မဟုတ်သလို အမှားတွေအတွက်ချက်ချင်းဆိုသလို စီရင်ဆုံးဖြတ်တတ်တဲ့ ဦးနှောက်လဲ မဟုတ်ပါဘူး။ငါတို့အားလုံးဟာမပြည့်စုံခြင်းများစွာနဲ့ကြိုးစားနေရင် လဲကျတတ်သူတွေပါ ဆိုတဲ့ သဘောတရားကို စာနာ နှိမ့်ချတဲ့စိတ်နဲ့ လက်တွဲရင်ဖေးမပေးနိုင်တဲ့ နှလုံးသားလေးကိုပါ။သမ္မာကျမ်းစာထဲမှာ ကြားနာကြရတဲ့ သဖန်းပင်၏ ပုံဉပမာအတိုင်း ဘုရားသခင်ရဲ့ စိတ်ရှည်သည်းခံခြင်း။ခွင့်လွတ်ခြင်းနဲ့ သနားကရုဏာဟာ လူသားအားလုံးအတွက် ထာဝရရှိနေအုံးမှာပဲဖြစ်ပါတယ်။