17 October 2026 Saturday
28th Week in Ordinary Time
Luke 12: 8 - 12
Reflection by Sr. Lucy Aye Win, Sisters of Charity ( SCCG )
Posted by Sr. Maria Ni Ni, MSP
စစ်မှန်တဲ့ခရစ်တော်တပည့်ဖြစ်ဖို့အသက်တာကိုကျင့်ကြံဆောက်တည်ဖို့က ခက်ခဲနက်နဲတယ်ဆိုတာကိုသင်ပေးပါတယ်၊ လမ်းကြုံလိုက်လို့မရပါဘူး၊ အိပ်လိုက်စားလိုက် ဂရိတ်ဖိုက် (၅) လည်းမရပါဘူး။ ဒီဘဝဟာဒုက္ခတရားနဲ့ ညှင်းပန်းနှိပ်စက်မူတွေကိုရင် ဆိုင်ရတတ်ပါတယ်။ ဒါပေမဲ့နောက်ကွယ်မှာ ကြီးမားတဲ့ဆုလဒ်ရှိတယ်ဆိုတာလည်း ပြောပြထားပါတယ်၊ အများသူငှါရှေ့မှာတနည်းအားဖြင့် နေ့စဉ်ဘဝအသက်တာမှာ ခရစ်တော်ကိုဝန်ခံဖို့ဆိုတာ လွယ်မယောင်နဲ့ခက်ခဲပါတယ်။ ခရစ်တော်ရဲ့တရားအတိုင်း ဖြောင့်မတ်မှန်ကန်စွာနေထိုင်ဖို့လွယ်သလို၊ ဒီလိုကျင့်ကြံနေထိုင်သူတွေကိုလည်း လက်ခံတဲ့သူနည်းလှပါတယ်။ “မှန်ကန်ရင်ကွဲတတ်တယ်၊ သစ်ပင်ဖြောင့်ရင်တက်ရခက်၊လူဖြောင့်ရင်ပေါင်းရခက်” စတဲ့စကားပုံတွေကိုကြည့်ခြင်းအားဖြင့် နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့အလိုတော်ကိုတစိုက်မတ်မတ် အတုယူလေ့လားကျင့်ကြံသူများအတွက် ဝိညဉ်တော်ဘုရား အစဉ်အမြဲကူညီစောင်မမယ်ဆိုတဲ့ဂတိစကားကို ကြားနာနှလုံးသွင်းလျှက် ခရစ်တော်ဘုရားရှင်ကိုနေ့စဉ်အသက်တာမှာ ပိုမိုယုံကြည်ဝန်ခံပြီး ကျင့်ကြံအသက်ရှင်နိုင်ဖို့ ကြိးစားကြပါစို့။