Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-10-09 03:14:35
10 October 2026 Saturday 

27th Week in Ordinary Time

Luke 11: 27 - 28

Reflection by Sr. Christine Shwe, Sisters of Charity (SCCG )

Posted by Sr. Maria Ni Ni, MSP

ရှင်လုကာ ကျမ်းစာတွင် အမျိုးသမီးတစ်ဦးက လူအစုအဝေးထဲမှ ခေါ်၍ ကိုယ်တော်ကိုလွယ်သောဝမ်းနှင့် စို့တော်မူသောနို့၊ မင်္ဂလာရှိပါ၏ဟု လျှောက်လျှင်ယေဇူးက ဘုရားသခင်၏ နုတ်ကပတ်တော်ကိုနာယူ၍ ကျင့်ဆောင်ကျင့်သောသူသည် မြတ်သောမင်္ဂလာရှိ၏ဟုမိန့်ဆိုခဲ့သည်။ဤကျမ်းပိုဒ်အားဖြင့်မမျှော်လင့်သောမြင့်မြတ်ခြင်း မင်္ဂလာရှိခြင်းသည် နှုတ်တော်ထွက်စကားကိုလေးစားစွာနားထောင်ခြင်းနှင့်လိုက်နာကျင့်သုံးခြင်းတို့မှဖြစ်ပေါ်လာကြောင်းအဓိကလင်းလက်ပြပေးနေပါသည်။နှုတ်တော်ထွက်စကားကိုကြားနာရရုံဖြင့် မလုံလောက် သေးပေ။ ၎င်းကို မိမိဘဝထဲတွင်ဝင်ခွင့်ပြုခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းများဖြင့် ဘဝသက်တာကို ပြောင်းလဲမှုပြုရမည်။ နှုတ်တော်ထွက် တရား နှုတ်တော်ထွက် တရားဟောရာများကို ကြားနာခြင်း၊ သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ရှုခြင်း၊ အကောင်းခြင်းအခမ်းအနားများ၌ ပါဝင်ခြင်းများပြုလုပ်ရန် လွယ်ကူလှပါသည်။ သို့သော် အကောင်းဆုံးမှာ နှုတ်တော်ထွက်စကားကို ကြားနာ၊ ကျင့်ဆောင်၍ ပြောင်းလဲသော ဘဝဖြင့် ရှင်သန်ရန်အရေးကြီးလှပါသည်။ ယေဇူးကိုယ်တော်တိုင်ကဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာယူ၍ ကျင့်ဆောင်တည်သောသူသည် မြတ်စွာသော မင်္ဂလာရှိကြောင်း မိန့်မြွက်ခဲ့သည်။ "နာခံခြင်း၊ နားထောင်နာယူခြင်းသည် ဥပဒေများကို လိုက်နာဝမ်းသာရုံမက၊ မိမိ၏ ဘဝသက်တာကို ဘုရားသခင်၏အလိုတော်ထဲ၌လုံးလုံးလျားလျား လွှဲအပ်ဆက်ကပ်ခြင်းကို ဆိုလိုပါသည်။တစ်နည်းဆိုရသော် မိမိ၏အလိုဆန္ဒထက် ကိုယ်တော်၏အလိုတော်ကို ဦးစားပေး အစဉ် ရှင်သန်ခြင်း၊ မိမိ၏ရည်မှန်းချက်၊ စီမံကိန်း၊ ရည်ရွယ်ချက်များကို ဘုရားသခင်၏ စီမံကိန်း အတွင်း၌မိမိ၏ဘဝသက်တာကို အပ်နှံထားခြင်းများဖြစ်ပါသည်။ ယနေ့ အသက်တာရှည်နေခြင်း၌ အသက်ပေးသော နှုတ်တော်ထွက်စကားက မိမိအား ဘာပြောနေသနည်း။  လက်တွေ့ဘဝတွင် မည်သို့သောအရာကို လုပ်ဆောင်ရန်ဖိတ်ခေါ်နေသနည်း။  

                                                                                                   

Daily Reflection