21 October 2026 Wednesday
29th Week in Ordinary Time
Luke 12: 39 - 48
Reflection by Sr. Carmella, Sisters of Charity ( SCCG )
Posted by Sr. Maria Ni Ni MSP
faithful servant with practical faith
ဝိညာဉ်ကယ်တင်ခြင်း (သို့) ထာဝရအသက်သုခချမ်းသာဆိုတာ ဘုရားသခင်ကို ကြားနာခြင်း၊သိမြင်ခြင်း ၊နားလည်လက်ခံခြင်းဆိုတဲ့အရာတွေနဲ့ ရယူပိုင်နိုင်တဲ့အရာ မဟုတ်ပါဘူး။ လက်တွေ့အသက်ရှင်ကျင့်ကြံ နေထိုင်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့အရာဖြစ်တယ်ဆိုတာ ဒီကနေ့ သမ္မာကျမ်းစာထဲမှာ ခရစ်တော်သခင်က ကျွန်ပ်တို့ကို ထပ်မံပြန်လည် သတိပေးဖိတ်ခေါ်နေပါတယ်။ငါ့ကို သခင် သခင်လို့ခေါ်တိုင်း ကောင်းကင်ကိုမရောက်နိုင်လို့၊ ခရစ်တော်ကအတိအလင်းပြောထားတယ်။ နုတ်ခမ်းဖျားကဝန်ခံခြင်းမဟုတ်ပဲ နှလုံးသားမှရှင်သန် ခြင်းဖြစ်ဖို့ ကြိုးစားကြရမှာဖြစ်တယ်။ နေ့တနေ့ အစပြုတဲ့အခါ ကောင်းမွန်စွာအသက်ရှင်နိုင်ဖို့ ဆုတောင်းကြ သလို နေ့တနေ့ အဆုံးသတ်တဲ့အခါမှာလဲ ဆုတောင်းခဲ့တဲ့အတိုင်း အသက်ရှင်ခဲ့ရဲ့လားဆိုတာ ပြန်သုံးသပ်ကြဖို့ အရေးကြီးပါတယ်။လက်တွေ့ပါသောယုံကြည်ခြင်းမျိုးဖြင့်ကြိုးစားအသက်ရှင်ရင်း ခရစ်တော်ရဲ့ ကိုယ်ပွားလေးများအဖြင့် အသက်ရှင်ရန် မိမိကိုယ်ကိုပြန်လည် ဆက်ကပ်အပ်နှံ ကြပါစို့။