1၈ October 2026
28th Sunday in Ordinary Time
Matthew 22: 15 - 21
Reflection by Sr. Lucy Aye Win, Sisters of Charity ( SCCG )
Posted by Sr. Maria Ni Ni, MSP
ကျမ်းစာတော်မြတ်တခုလုံးရဲ့အချုပ်ဟာ သင်၏ဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့ချစ်ပြီး သင်နှင့်နီးစပ်သူကိုလည်းကိုယ်နှင့်အမျှချစ်ရမယ်ဆိုတာကိုကျမတို့သိပြီးဖြစ်ပါတယ်။ ခရစ်ယာန်တဉီးရဲ့ဘဝမှာခရစ်တော်ကိုနေရာပေး၊အချိန်ပေးပြီးအသက်ရှင်လျှောက်လှမ်းနိုင်ဖို့အဓိကဖြစ်ပြီး၊ကိုယ်နဲ့နီးစပ်သူများအပေါ်မေတ္တာမျှဝေအစေခံနိုင်ကြဖို့ဖိတ်ခေါ်နေပါတယ်။ဒီအချက်၂ခုအပေါ် ညီညွတ်မျှတစွာအသက်ရှင်ဖို့အလွန်အရေးကြီးလှပါတယ်။ နေ့စဉ်အိပ်ယာမဝင်ခင်ထောက်ရှု့သင့်တဲ့အချက်ကတော့
ငါဘုရားရှင်အတွက်အချိန်ဘယ်လောက်ပေးခဲ့သလဲ။
ငါနဲ့နီးစပ်သူတွေအတွက်ဘယ်လိုပေးဆပ်အစေခံခဲ့သလဲ။
ငါ့ရဲ့အတ္တဆန္ဒ၊ အတွက်အချိန်ဘယ်လိုပေးခဲ့သလဲ (မိုဘိုင်းဖုန်း၊ ဗီဒီယို၊ သတင်း၊ ရုပ်ရှင်) စသည်တို့ကိုဘယ်လိုအသုံးပြုခဲ့သလဲ။
ကျမတို့အားလုံးကျန်ရှိတဲ့အသက်တာမှာ ဘုရားပေးထားတဲ့ကျေးဇူးတော်တွေကို ဘုရားအတွက်၊ အများအတွက်အကျိုးရှိရှိအသုံးပြုနိုင်ဖို့ ကြိုးစားကြပါစို့။