16 October 2026 Friday
28th Week in Ordinary Time
Luke 12: 1 - 7
Reflection by Sr. Lucy Aye Win, Sisters of Charity ( SCCG )
Posted by Sr. Maria Ni Ni, MSP
ဒီနေ့ဘုရားပေးတဲ့ဝိညာဉ်ခွန်အားတခုကတော့ မျက်နှာဖုံးစွပ်ခြင်းနဲ့တူတဲ့ဟန်ဆောင်ခြင်း ကို ဘဝမှာ ရှောင်ရှားဖို့ ထောင်နဲ့ချီတဲ့လူအုပ်ကြီးကိုမပြောမီ သူ့ရဲ့တပည့်တော်ကြီးတွေ ကို မထမဆုံးသတိပေးခြင်းဖြစ်တယ်။ ဒီထောင်ချောက်ကတော့ကျမတို့ လွယ်ကူစွာကျ နိုင်တဲ့သဘောကိုခရစ်တော် သိတော်မူတဲ့အတွက် အခုလိုအရေးတကြီးသတိပေးတာဖြစ် တယ်။ ံပု်လ၇◌စ်ဆိုတာဂရိစကားကနေလာတာဖြစ်တယ်၊ “ဟန်ဆောင်ခြင်း၊ မိမိမဟုတ်သောအရာကို မိမိဖြစ်သကဲ့သို့ပြခြင်း” ဖြစ်တယ်။ မျက်နှာဖုံးကအမှန်တကယ် ကာကွယ်ပေးနိုင်တဲ့အရာမဟုတ်ပါဘူး၊ ဘုရားရှင်မမြင်နိုင်တဲ့အရာတခုမျှမရှိပါ၊ ခရစ်တော်ကသူဖန်ဆင်းထားတဲ့အတိုင်းကျမတို့ကို အမှန်တရား၊ ရိုးသားမူ၊ ဘုရားအပေါ် ယုံကြည်မူအပြည့်အဝနဲ့ အသက်ရှင်နေထိုင်ဖို့ဖိတ်ခေါ်နေပါတယ်။ အဓိကအားဖြင့်ကျမ တို့ရဲ့အတွင်းနှလုံးသားကိုဘုရားရှင်သိတော်မူတယ်ဆိုတဲ့အရာကိုသွန်သင်ပေးပါတယ်။