15 October 2026 Thursday
28th Week in Ordinary Time
Luke 11; 47 - 54
Reflection by Celseste, MSP
Posted by Sr. Maria Ni Ni, MSP
ယနေ့ ဧဝံဂေလိကျမ်းတွင် ယေဇူးသခင်က ပညတ်တရားကို ကျွမ်းကျင်သူများဖြစ်သော ကျမ်းတတ်ဆရာ၊ ဖာရီဇေဦးတို့အား ပြင်းထန်စွာ သတိပေးတော်မူတယ်။ သူတို့သည် ရှေးပရောဖက်များကို ဂုဏ်ပြုကြသော်လည်း မိမိတို့၏အချိန်တွင် ဘုရားသခင်ရဲ့ အမှန်တရားကို နားထောင်ရန် ပျက်ကွက်ကြတယ်။ သူတို့ရဲ့ အပြင်ပန်း ဘာသာတရားကိုင်းရှိုင်းမှုသည် နှလုံးသားရဲ့အခြေအနေနှင့် ကိုက်ညီမှုမရှိပေ။ယေဇူးသခင်က မိမိတို့ရဲ့ဘဝကို ပြန်လည်စမ်းစစ်သုံးသပ်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်တော်မူတယ်။ ယုံကြည်ခြင်းအကြောင်း ဟောပြောရန်၊ ရဟန္တာများကို ဂုဏ်ပြုရန် နှင့် အခြားသူများအား ဘုရားသခင်အကြောင်း သွန်သင်ရန် လွယ်ကူပါတယ်။ သို့သော် အမှန်တကယ် မေးရမယ့်မေးခွန်းမှာ" ကျွန်ုပ်တို့သည် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အမှန်တကယ် နားထောင်ပြီး လက်တွေ့ကျင့်သုံးနေကြပြီလား။ " ဆိုသောမေးခွန်းပါပဲ။ကက်သလစ်ခရစ်ယာန်များအနေဖြင့် ခရစ်တော်ရဲ့ဟောပြော သွန်သင်ချက်တွေကိုသိရှိရုံသာမက ချစ်ခြင်းမေတ္တာ၊ နှိမ့်ချခြင်း၊ တရားမျှတခြင်းနှင့် ကရုဏာထားခြင်းတို့ဖြင့် အသက်ရှင်ခြင်းဖြင့်လက်ေတွ့ကျင့်သုံးရန် ခေါ်တော်မူခြင်းခံရခြင်းပါ။ ကျွန်ုပ်တို့သည် ပြုပြင်သွန်သင်ခြင်းကို လက်ခံရန်၊ မိမိတို့ရဲ့ အားနည်းချက်များကို အသိအမှတ်ပြုရန်နှင့် ဘုရားသခင်အား မိမိတို့ရဲ့နှလုံးသားကို ပြောင်းလဲခွင့်ပေးရန် လိုအပ်ပါတယ်။
အထူးသဖြင့် မိမိတို့ရဲ့အသက်တာကို ဘုရားသခင်ထံ ဆက်ကပ်ထားသူများ အနေဖြင့် ဤဧဝံဂေလိတရားက မိမိတို့ရဲ့စကား၊ လုပ်ရပ် နှင့် နေ့စဉ်သက်သေခံချခြင်းများက မိမိတို့လက်ခံထားသော ဧဝံဂေလိတရားနှင့် ကိုက်ညီမှုရှိ၊ မရှိ ပြန်လည်စမ်းစစ်ရန် ဖိတ်ခေါ်ခြင်းခံကြရတယ်။ စစ်မှန်သော သန့်ရှင်းခြင်းဆိုတာက ဘာသာရေးဆိုင်ရာတာဝန်များကို ထမ်းဆောင်ခြင်း သို့မဟုတ် အပေါ်ယံ၊ အပြင်ပန်းကြည့်ကောင်းခြင်းမျှသာ မဟုတ်ပဲ။ ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ပြီး အခြားသူများကို မှန်ကန်သောစိတ်ဖြင့် ချစ်တတ်သော နှလုံးသားရှိခြင်းသာဖြစ်တယ်။
ပရောဖက်များကို ဂုဏ်ပြုရုံ၊ ဘုရားသခင်ရဲ့ အမှန်တရားအကြောင်း ပြောဆိုရုံမျှသာ မဟုတ်ဘဲ ထိုအမှန်တရားအတိုင်း နေ့စဉ်အသက်ရှင်ကျင့်သုံးရန် သတ္တိရှိကြပါစို့။ဘုရားသခင်၏ နှုတ်ကပတ်တော်အတွက် မိမိတို့ရဲ့နှလုံးသားကို ဖွင့်ထားနိုင်ရန်၊ ကိုယ်တော်ရဲ့ ပြုပြင်သွန်သင်ခြင်းကို နှိမ့်ချစွာ လက်ခံနိုင်ရန်နှင့် မိမိတို့ရဲ့အသက်တာအားဖြင့် ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို သက်သေခံနိုင်ရန် ကျေးဇူးတော်ကို တောင်းခံကြပါစို့။